Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

ငှက်ပျောသီးစားသင့်တဲ့အကြောင်းရင်း

နေရာတိုင်းလိုလိုမှာ အလွယ်ကူဆုံးဝယ်ယူစားသုံးနိုင်တဲ့ ငှက်ပျောသီးတွေဟာ လူတိုင်းအတွက် ကာယ/ဉာဏစွမ်းအား၊ ကျန်းမာသန်စွမ်းမှုတွေကို ပေးစွမ်းနိုင်တဲ့အတွက် ငှက်ပျောသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေထဲက တချို့ကို မျှဝေပေး ချင်ပါတယ်။
စိတ်ကျရောဂါ၊ အရက်နာကျတာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးချို၊ အရိုးပွရောဂါနဲ့ မျက်စိကွယ်တာတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ငှက်ပျောသီးဟာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် နာတာရှည်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သလို အစာစားပြီး ငှက်ပျောသီးစားရင် သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်စေပြီး ကိုယ်ဝန်ဆောင်တွေ မနက်ခင်းပျို့ချင်အန်ချင်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ဖောရောင်တာတွေကို သက်သာစေနိုင်တဲ့အပြင် အာရုံကြောတွေကို အားဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျအောင်လည်း ထောက်ကူပေးနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ကာကွယ်နိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက လက်ခံထားကြပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝပြီး ခန္ဓာကိုယ်တက်ကြွလန်းဆန်းစေ တဲ့အတွက် စာမေးပွဲဖြေမယ့်သူတွေဆိုရင်လည်း ငှက်ပျောသီးစားပေးသင့်တယ်လို့ဆိုပါတယ်။ ပူပြင်းတဲ့ရာသီတွေမှာ ငှက်ပျောသီးစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလျော့ပါးစေပြီး အေးမြစေနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ တန်ဖိုးရှိလှတဲ့ ကျန်းမာရေးကောင်းကျိုးတွေသိကြပြီဆိုတော့ မျောက်စာဆိုပြီး မစားဘဲမနေသင့်တော့ဘူးဆိုတာ သဘောပေါက်သင့်ပြီ ထင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ