Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 5, 2014

ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကြွယ်ဝချမ်းသာ နေကြသော အခွန်ဝန်ထမ်းများကို ဖော်ထုတ် အရေးယူ ပေးပါရန် (သို့မဟုတ်) အခွန်ဝန်ထမ်းများကို အခွန်ကောက် ပေးပါရန် (ပေးစာ)

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။
 
 မည်သည့်လမဆို လစဉ်လဆန်း ၁ရက်နေ့သို့ ရောက်တိုင်း မြန်မာပြည်သူများ ပုံမှန်စောင့်ကြည့် ရင်ခုန် မျှော်လင့် နေကြသည့်ပွဲ ၁ခုရှိသည်။ ထိုပွဲမှာအောင်ဘာလေ ထီဖွင့်ပွဲပင် ဖြစ်တော့သည်။ ဆင်းရဲတွင်းနက် နေသော ပြည်သူများအတွက် အခွန်ဦးစီးဌာနမှ ကျင်းပသော အောင်ဘာလေထီဖွင့်ပွဲမှာ အလွယ် ဆုံး၊ အမြန်ဆုံး၊ အကောင်းဆုံး သူဌေး ဖြစ်ခွင့်ပင်ဖြစ်တော့သည်။ မူရင်းဈေး ၂၀၀ရှိသည့်ထီလက်မှတ်များကို ဈေးနှုန်း ကြီးမြင့်စွာဝယ်ထိုးနေရသော်လည်း…ထီလက်မှတ်ရောင်းရငွေ၏ ၆၀%ကိုဆုငွေအဖြစ်ခွဲပေးပြီး.. ၄၀%ကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းယူသုံးစွဲသည်ဟူသောအခွန်ဌာန၏ ရှင်းလင်းချက်အရ နိုင်ငံ့ အကျိုးအတွက် တဖက်တလမ်းကလှူဒါန်းသည်ဟုသဘောထားကာ မြန်မာများပီပီ လတိုင်း အားကျိုးမာန်တက် ထီထိုး ကြရှာသည်။


ရိုးလွန်းသောမြန်မာပြည်သူများမှာ မိမိတို့အလိမ်ခံနေရမှန်း၊ အဆိပ်ပင်ရေလောင်းမိနေမှန်း ယနေ့ အထိမသိကြရှာပေ။ ဖြစ်ရပ်မှန်မှာ..ထီလက်မှတ်ရောင်းရငွေ၏၆၀% ကိုဆုငွေအဖြစ်ခွဲဝေပေးသည် မှန်သော် လည်း ဘဏ္ဍာငွေအဖြစ်သိမ်းယူသောရာခိုင်နှုန်းမှာ အနည်းငယ်သာရှိပြီး.. ကျန်ထီရောင်းရငွေ ရာခိုင်နှုန်း အများစုမှာ အခွန်ဝန်ထမ်းများ၏ (ထီဖိုးအောက်ဆိုဒ်)ခေါ် တရားမ၀င်ခွဲတမ်းငွေအဖြစ်ခိုးယူသွားခြင်း ပင်ဖြစ်တော့သည်။

အခွန်ဌာနတွင် ရာထူးကြီးငယ်အလိုက် လစဉ်ထီစာအုပ်များကိုစနစ်တကျခွဲဝေပေးလေ့ရှိပြီး လစဉ် ထီရောင်းရငွေများ တနည်းအားဖြင့်ပြည်သူ့ဘဏ္ဍာငွေများကို နှစ်ပေါင်းများစွာစနစ်တကျခွဲဝေခိုးယူခွင့် ရနေကြရာ တိုင်းပြည်အတွက်အလွန့်အလွန်နစ်နာသော်လည်း အခွန်ဝန်ထမ်းများမှာမူ သူဌေးဖြစ်ခွင့် ရနေပေတော့သည်။ မပြောပလောက်သည့်ထီဆုငွေအသေးများကိုယောင်ပြ၊ အတိုးပြ့ပီး ထီစာအုပ်များ အဆမတန်တိုးထုတ်ရောင်းကာ အခွန်ဝန်ထမ်းများအတွက် တရားမ၀င်ခွဲတမ်းငွေတိုးမြှင့်ရရှိစေရန် ပညာသား ပါပါဖြင့်ဆောင်ရွက်ထားပါသေးကြောင်းကို တခြားနိုင်ငံများနှင့်နှိုင်းယှဉ်လေ့လာသင့်လှသည်။ ထို့ပြင် ပြည်သူတစ်ထောင်မှာတစ်ယောက် ထီပေါက်ခဲလှ သော်လည်း အခွန်ဝန်ထမ်းအများစု ထီပေါက်ဖူးထားကြခြင်း ကိုမြန်မာပြည်သူများမသိကြ၊သတိမထားမိကြရှာပေ။  သို့ဖြစ်ရာ ထီဆုငွေလာမထုတ်ဖြစ်သော ပြည်သူ့ ဘဏ္ဍာငွေများ ပျောက်ဆုံးသွားခြင်းမှာ မထူးဆန်းတော့ပေ။

ယနေ့ခေတ်လိုအသွင်ကူးပြောင်းဆဲကာလတွင်တခြားဌာနဆိုင်ရာဝန်ထမ်းများမှာလစာတစ်ခုထဲဖြင့် ကြိုးစား ရပ်တည် နေကြရသော်လည်း အခွန်ဝန်ထမ်းများမှာမူ တရားမ၀င် ငွေဝင်လမ်းများစွာ ရှိကြပြီး တိုက်ဆောက်၊ ကားစီး၊ မယားငယ်ယူ၊ သုံးဖြုန်းနိုင်ကြသဖြင့် တကယ့် ကံထူးရှင်ကြီးများ ပင်ဖြစ်တော့သည်။ သူတို့အတွက် အခွန်ထမ်းပြည်သူများမှာကြိုးဆွဲရာကနိုင်သည့် အရုပ်များသာဖြစ်ပေသည်။

ငွေဝင်လမ်းတစ်ခုဖြစ်သည့်မြို့နယ်အခွန်ရုံးများသည် မိမိတို့မြို့နယ်အတွင်းရှိဆိုင်အားလုံးကိုတန်းတူ အခွန်ကောက်လေ့မရှိဘဲ အောက်ခြေရုံး/ကူ ၀န်ထမ်းများဖြင့် ဆိုင်ကြီး၊ ဆိုင်ငယ်အလိုက်ရာခိုင်နှုန်းဖြင့် လစဉ် အခွန်ကင်းလွတ်ခ တရားမ၀င်ကောက်ခံလေ့ရှိပြီး မပေးနိုင်သည့်ဆိုင်များ လုပ်ငန်းများကိုမြန်မာပြည်သူများနှင့် အစိုးရကိုလိမ်ရန် ပုံသေဟန်ပြထားသော အခွန်ထမ်းမှတ်ပုံတင်စာရင်းသွင်းကာ အခွန်များစွာ အဆမတန် ချလေ့ရှိသည်။ ထို့ပြင်အခွန်ဥပဒေကိုဗန်းပြကာ စာအမျိုးမျိုးထုတ်ပြီး ဆိုင်ကိုချိပ်ပိတ်မည် ပစ္စည်းသိမ်းမည် ထောင်ချပစ်မည်ဟုရုံးသို့ ခြိမ်းခြောက်ခေါ်ယူသည်။ အခွန်ရုံးရောက်သည့်အခါသက်ဆိုင်ရာ နယ်မြေစာရေးမှ ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှုန်းထားများကို ရှုပ်ထွေးအောင်တမင်ရှင်းပြပြီး ကျသင့်အခွန်ငွေကို အသက်သာဆုံး ဖြစ်အောင်မိမိလျော့ကောက်ပေးမည် အခွန်သက်သာငွေ၏တ၀က်တိတိကို မိမိနှင့်အခွန်မှူးကိုပြန်ကူညီပါဟု ပါးနပ်စွာခပ်တိုးတိုးညှိပါလိမ့်မည်။ သူတို့တောင်းသည့်ငွေမပေးနိုင်ခဲ့ပါက ယခင့်ယခင်နှစ်များစွာက အခွန် ငွေသွင်း ချလံများ ကိုပြန်ပြခိုင်းကာ ချလံပျောက်သူများကို အခွန်ကြွေးဟု မတရားကောက်ခံတတ်ပါသေး ကြောင်းကို အခွန်ထမ်းပြည်သူများထံလက်တွေ့စုံစမ်းကြည့်နိုင်ပေသည်။

အခွန်ဝန်ထမ်းများ၏အကြီးမားဆုံးငွေဝင်လမ်းများမှာမူတံဆိပ်ခေါင်းအရောင်းကောင်တာများနှင့် မော်တော် ယာဉ်တန်ဖိုးဖြတ်ရုံးများပင်ဖြစ်တော့သည်။တံဆိပ်ခေါင်းအရောင်းကောင်တာများတွင် တံဆိပ်ခေါင်း များကို အရောင်းစာရင်းပြပြီးထီစာအုပ်များကဲ့သို့ပင်ဝန်ထမ်းများကိုယ်တိုင်ပြန်ဝယ်ကြသည်။ နေ့လည် ၂နာရီထိုးသည် နှင့်  အရောင်း အမြန်ပိတ်ကြသည်။ သူတို့၏အလုပ်ချိန်အမှန်စပေပြီ။ အပြင်လူများ မမြင်နိုင်စေရန် တံခါးသော့ပိတ်ပြီး စာရင်းညှိကြသည်၊ ဖောက်သည်ပွဲစားကြီးငယ်များကိုစောင့်ကြသည်။ အပေးအယူ လုပ်ကြသည်။ အထာသိသည့်လူများ၊ ၀န်ထမ်းများနှင့်အဆက်အသွယ်ရှိသည့် လူများမှာ တန်ဘိုးကြီးတံဆိပ်ခေါင်းများကို  မနက်ပိုင်းတွင် တန်းစီလေ့ မရှိကြပဲ ထိုအချိန်တွင်မှတံခါးခေါက်ဝင် ရောက်ပြီး လာရောက် ၀ယ်ယူလေ့ရှိကြ ကြောင်း လေ့လာစောင့်ကြည့် နိုင်ပေသည်။

မော်တော်ယာဉ်တန်ဘိုးဖြတ်ရုံးများတွင်လည်း အခွန်ဝန်ထမ်းများ၏ ဆွေမျိုးသားချင်းများစွာကို ပွဲစားများအဖြစ်ဒလံမွေးကာ နေ့စဉ်ကားစီးရေများစွာကို သက်သာခွင့်ရမည့်အခွန်ငွေ၏ တ၀က်တိတိကို ပေး စေပြီးအမှန်တန်ဖိုးထက်အဆများစွာလျော့နည်းစွာ တန်ဖိုးဖြတ်ပေးခြင်းဖြင့် သူတို့အတွက်နေ့စဉ် သိန်းနှင့်ချီ ၀င်ငွေရစေပြီး နိုင်ငံတော်အတွက်အခွန်ငွေသန်းပေါင်းများစွာဆုံးရှုံးနေပေတော့သည်။

တနေ့တာ ၀င်ငွေဘုံပိုက်ဆံများကိုရာထူးကြီးငယ်အလိုက် ရာခိုင်နှုန်းဖြင့်ခွဲဝေယူကြပြီး နောက်တွင် လူစုခွဲကြပြီး KTVဆိုင်သွားကြ ၊ နာမည်ကြီးစားသောက်ဆိုင်များကို ထွက်ခွာသွားကြတော့သည်။ ယနေ့ခေတ် ကာလတွင် သာမန်လစာတစ်ခုထဲဖြင့်မည်သည့်ဝန်ထမ်းမှ သူတို့လိုပိုက်ဆံမဖြုန်းနိုင်သလို ကားများ၊ အိမ်များကိုမ၀ယ်နိုင်ကြကြောင်း တွက်ချက်ကြည့်နိုင်ပါသည်။ဝင်ငွေကြမ်းလှသောအခွန်ဌာနတွင် ဌာနတွင်း လျှို့ဝှက်ချက်များကို နိုင်ငံတော်နှင့်ပြည်သူများထံ မပေါက်ကြားစေရန် အပြင်ပြည်သူများကို အလုပ်ဖွင့်ခေါ်ခြင်း မရှိပဲ လက်ရှိဝန်ထမ်းများ၏ဆွေမျိုးများ၊ ပွဲစားများနှင့်သူတို့သွားရောက်နေကြ KTV၊ အနှိပ်ခန်းများမှ အငယ် အနှောင်း မိန်းမများကိုသာလက်သိပ်ထိုးအလုပ်ခန့်လေ့ရှိကြောင်း လက်တွေ့စစ်ဆေးကြည့်နိုင်ပါသေးသည်။ ထိုသို့စနစ်တကျစီစဉ်မှုများကြောင့်ပင်အခွန်ဌာနမှာ တခြားဌာန ဆိုင်ရာများကဲ့သို့ အရေးယူအပြစ်ပေးခြင်းမှ အမြဲလွတ်ကင်းနေခဲ့ပေသည်။

ယနေ့ဒီမိုကရေစီခေတ်ကာလတွင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့ကဲ့သို့သော နာမည်ကြီး သူဌေးကြီးများစွာမှာ သူတို့၏၀င်ငွေ၊ အိမ်၊ ခြံ၊ မြေများ၊ ကားများ၊ စီးပွားရေးလုပ်ငန်းများစွာအတွက် အခွန်ငွေများစွာကိုအခွန်ဌာနသို့ပေးဆောင်နေရသော်လည်း၊ အခွန်ငွေများရသင့်သလောက်မကောက်နိုင် သေးကြောင်းသတင်းမီဒီယာများတွင်ဖော်ပြနေကြပြီး၊ မတရားရှာဖွေထားသော အခွန်ဝန်ထမ်းများ ၏၀င်ငွေ၊ အိမ်၊ ခြံ၊ မြေများ၊ ကားများ၊ စီးပွားရေးလုပ်ငန်းများမှာမူ လုံးဝ(လုံးဝ)အခွန်ပေးဆောင်ရခြင်း မရှိသည်မှာလည်း မည်သူတို့လက်ချက်ဖြစ်ကြောင်းသက်သေတစ်ခုပင်။ သို့ဖြစ်ရာနိုင်ငံတော်နှင့်ပြည်သူများ၏ ဘဏ္ဍာငွေများ အမှန်တကယ်ရှိစေရန် အခွန်ဝန်ထမ်းများ၏တရားမ၀င်ခိုးယူလုပ်စားမှုများကို စုံစမ်းဖော်ထုတ် အရေးယူ သင့်ပါကြောင်းနှင့် လာဘ်စားမှုများကိုမသိချင်ယောင်ဆောင်ကာ ခွင့်ပြုထားမည်ဆိုလျှင်တောင်မှ သူတို့၏ တရားမ၀င်ပိုင်ဆိုင်မှုများ၊စီးပွားရေးလုပ်ငန်းများ၊ အိမ်များ၊ကားများအတွက် ကျသင့်အခွန်ငွေများကိုတော့ ပေးဆောင်ခိုင်း သင့်ပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အငြိမ်းစားဝန်ထမ်းဟောင်းများ




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ