မန်စီးတီး အသင်းသည် တိုက်စစ်မှူး အက်ဒင်ဒီဇက်ကိုနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ကို
ထပ်မံ ချုပ်ဆိုရန် နီးစပ် လာပြီ ဖြစ်ကြောင်း သိရသည်။
မန်စီးတီး အသင်းမှ နည်းပြ မန်နျူရယ်လ်
ပယ်လီဂရီနီသည် St.James's.Park ၌ နယူးကာဆယ် အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့်
အနိုင် ရရှိခဲ့သော ပွဲစဉ်တွင် ဒီဇက်ကို၏ စွမ်းဆောင်ချက်များကို သဘောကျ
နှစ်ခြိုက် ခဲ့သောကြောင့် ယင်းကဲ့သို့ သက်တမ်းတိုး စာချုပ်သစ် ထပ်မံ
ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဘော့စနီးယား နိုင်ငံသား ဒီဇက်ကိုသည် မန်စီးတီးနှင့် ယခင် ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ ၁ဝ လသာ ကျန် ရှိတော့ကြောင်း သိရသည်။
ထို့ကြောင့် မန်စီးတီး အသင်းသည် ဒီဇက်ကိုနှင့် ယခု ရက်သတ္တပတ်အတွင်း စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုး သွား မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment