3 November 2014 02:28(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်သူက အခုပြဌာန်းထားတဲ့ ဥပဒေဟာ အလုပ်သမားတွေ အတွက် မမျှတတဲ့ ဥပဒေဖြစ်နေ တာကြောင့် ထောင်ဒဏ်ပါ ထည့်သွင်း ပြဌာန်းပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။
"အဓိက ဒီအငြင်းပွါးမှုပြဿနာကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ ထောင်ဒဏ်မပါလာဘူး၊ ငွေဒဏ်ပဲထပ်တိုးလိုက်တယ်၊ အရင် ၁ သိန်းဆိုတဲ့နေရာမျိုးမှာ ငွေဒဏ် ၅ သိန်းဆိုပြီးတိုးလိုက်တယ်၊ မမျှတတဲ့ဥပဒေလို့ ကျနော်တို့မြင်တယ်လေ၊ အလုပ်သမားတွေဘက်က အရမ်းအခက်အခဲဖြစ်လာမယ်၊ အလုပ်ရှင်ကတော့ ပိုက်ဆံပေးပြီးတော့ သမဂ္ဂတွေကိုဖြိုမယ်၊ အလုပ်သမားတွေကို အနိုင်ကျင့်မယ်၊ ဒီတော့ ဒီအထဲကိုထောင်ဒဏ်ပါမှကို ကျနော်တို့ အဆင်ပြေမဲ့အနေအထားပါ"
ဆန္ဒပြသူတွေဟာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို လျော်ကြေးပေးပြီး အလုပ်မထုတ်ဖို့နဲ့ အလုပ်သမားအရေးကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေမှာ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ပြစ်မှုအပေါ် မူတည်ပြီးအနည်းဆုံး ငွေဒဏ်ငါးသိန်းကနေ ဆယ်သိန်းအထိ ချမှတ်နိုင်ကြောင်း ပါရှိပါတယ်။
No comments:
Post a Comment