Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

ဖာဂူဆန်မြို့ အဓိကရုဏ်း အဆိုးဆုံး ပြန်စ

25 November 2014 21:18(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
အမေရိကန် နိုင်ငံ မစ်ဆူရီ ပြည်နယ် ဖာဂူဆန် မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လက လူမည်း ဆယ်ကျော်သက် တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲ အရေးယူတာတွေ မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့ အပြီးမှာ မကျေမနပ် ဆူပူ အုံကြွ လုယက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက် တာမျိုး မတွေ့ရကြောင်း၊ ဒီကိစ္စ စဖြစ်ခဲ့တဲ့ သြဂုတ်လ ကတည်းက ဖာဂူဆန် မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေထဲမှာ မနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေဟာ အဆိုးဝါးဆုံး ဖြစ်ကြောင်း စိန့်လူဝစ်စ် ခရိုင် ရဲချုပ် Jon Belmar က ပြောသွားပါတယ်။

ဆူပူ အုံကြွသူတွေဟာ အကြိမ် ၁၅၀ လောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

မော်တော်ယာဉ်တွေနဲ့ ဈေးဆိုင် အဆောက်အအုံတွေလည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။

ဆန္ဒပြ လူအုပ်ကြီးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပြီး လူ ၆၀ ကျော်လောက်ကို ဖမ်းဆီး ထားပါတယ်။

အသတ်ခံရသူ လူမည်း လူငယ် Michael Brown ရဲ့ ကျန်ရစ်သူ မိသားစု ကလည်း အဲဒီ ရဲအရာရှိကို တရားစွဲဆို အပြစ်ပေးတာမျိုး မလုပ်ဖို့ တရာရုံးက ဆုံးဖြတ်ခဲ့တာအပေါ် အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ရဲအရာရှိ Darren Wilson ဟာ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်တဲ့ အနေနဲ့ ပစ်ခဲ့တာ ဆိုပြီး တရားစွဲဆို အရေးယူမှု မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ အမေရိကန် ပြည်သူ တချို့ ဒေါသအမျက်ထွက်ခဲ့ကြတာကို သူ့အနေနဲ့နားလည်ပါကြောင်း ဒါပေမယ့်လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းလိုက်ပါတယ်။

လော့စ်အိန်ဂျလိစ်၊ ဖီလာဒဲဖီးယား နဲ့ နယူးယောက် မြို့တွေမှာလည်း လူတွေ ထောင်နဲ့ချီ ချီတက် ဆန္ဒပြ ခဲ့ကြသလို နိုင်ငံတဝှမ်းက တခြား မြို့တွေမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။


အခုတစ်ကြိမ်က အဆိုးဆုံး အဓိကရုဏ်းလို့ ရဲတပ်ဖွဲ့က ပြော


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ