Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် တပ်မတော် သဘောထား အတိုက်အခံနဲ့ သာမက သမ္မတအိုဘားမား သဘောထားနဲ့ပါ ထိပ်တိုက်တွေ့နေပြီလား

25 November 2014 12:37(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
မြန်မာ့နိုင်ငံရေးရဲ့ အသွင်ကူးပြောင်းမှုမှာ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု လက်ကျန် ရှိနေခြင်း အခြေအနေဟာ အဓိက ရင်ဆိုင်ရမယ့် မေးခွန်းတစ်ရပ်ပါ … မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီလို့ ပြောဆိုခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် တိုက်တွန်းချက်တွေနဲ့ တပ်မတော်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး သဘောထားတွေ ကတော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၄ မေလကုန်ပိုင်းက West Point တက္ကသိုလ်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်း ပြောပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြော ကြားရာမှာ အမေရိကန်ကို နှစ်များစွာ ရန်လုပ်လာတဲ့ မြန်မာနိုင်ငံမှာ ခုဆိုစစ် အာဏာရှင်စနစ် ကွယ်ပျောက်ပြီး အမေရိကန်နဲ့ လက်တွဲလို့ရတဲ့ အစိုးရတစ် ရပ် ပေါ်ထွက်လာတာဟာ သူ့ရဲ့ နိုင်ငံခြားရေး လမ်းစဉ် အောင်မြင်မှု တစ်ခု ဖြစ် တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလမှာ မြန်မာပြည်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး လာတက်တဲ့ သမ္မတအိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံမှုတစ်ခု ပြုလုပ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ အိုဘားမားက မြန်မာ့နိုင်ငံရေးရဲ့ အသွင် ကူးပြောင်းမှုမှာ စစ်တပ်ရဲ့ သြဇာ လွှမ်းမိုးမှု လက်ကျန်ရှိနေခြင်း အခြေအနေဟာ အဓိက ရင်ဆိုင်ရမယ့် မေးခွန်း တစ်ရပ်ပါဆိုပြီး ပြောဆိုသွားပါတယ်။ အင်ဒိုနီးရှားကို ဥပမာပေးပြီး လွှတ်တော်ထဲက စစ်တပ် ထွက်ခွာပြီး နောက်ပိုင်း ဒီမိုကရေ စီ ပြုပြင်ပြောင်း လဲရေး တိုးတက်ခဲ့တယ်ဆိုပြီး ဥပမာပေး ပြောဆို သွားတာ ပါ။ နောက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်တပ်ကို အရပ်သား အစိုးရ လက်အောက်ကို ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်ဖို့နဲ့ အရပ်သား အစိုးရစစ်စစ် ဖြစ်လာဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်း ပြော ဆိုသွားပါ တယ်။

အဲဒီနေ့ နိုဝင်ဘာ ၁၃ မှာပဲ လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ ဆွေးနွေးပွဲ စတင်ကျင်းပပါ တယ်။ ဆွေးနွေး ပွဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေး က “ဖွဲ့စည်းပုံပါ တပ်မတော်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်များဟာ ကျိုးကြောင်း ဆီလျော်မှုရှိပြီး မှန်ကန်မှု ရှိတဲ့အတွက် ပုဒ်မ ၃၄၂ ကို စာသားနည်း နည်း ပြင်ဆင်သည်မှလွဲပြီး ကျန်တပ်ပိုင်းဆိုင်ရာ ပုဒ်မတွေ ကို မပြင်ဆင်ဖို့၊ မူလအတိုင်းထားဖို့” ဆွေးနွေး သွားပါတယ်။

အမေရိကန်သမ္မတဟာ နိုဝင်ဘာ ၁၃ မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေး တိုက်တွန်းသွားတာဟာ ပုဒ်မ ၅၉ (စ) ပြင်ပေးဖို့ တွန်းအားပေးခဲ့တာပါ။ သမ္မတအိုဘားမားက ““နောင်နှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ တရားမျှတ၊ ပွင့်လင်းမှုရှိပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုသလို မြန်မာနိုင်ငံမှာရှိတဲ့ လူမှု၊ လူ့အဖွဲ့အစည်းတွေရဲ့ အသံအားလုံး ထင်ဟပ်စေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်အောင် ပြင်ဆင်ပေးဖို့လည်း လုပ်ရမှာပါ””လို့ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားဆွေးနွေးရာမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

အိုဘားမားရဲ့ နေပြည်တော် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့်ရရေး ဆိုတာကို အလေးအနက်ထား တစ်ခါမက ပြောဆိုခဲ့ပါတယ်။ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ပေးနိုင်ဖို့ သံတမန်စကားလုံး ရွေးချယ်ပြီး တိုက်တွန်း သွားခဲ့တာပါ။

နိုဝင်ဘာ ၁၃ လွှတ်တော် ဆွေးနွေးပွဲမှာတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ၅၉(စ)နဲ့ ပတ်သက်ပြီး လက်ရှိအတိုင်း ထားသင့်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရင် လက်ရှိ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ဖို့ ဆွေးနွေးသွားပါတယ်။ ၅၉ (စ)နဲ့ ၄၃၆ ကို တပ်က မပြင်ချင်ဘူး ဆိုတဲ့ သဘောထားကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ထင်ရှားနေပါတယ်။

တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ရဲ့ ဆွေးနွေးချက်မှာတော့ ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွယ်တကူ ပြင်ဆင် ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီအခြေခံဥပဒေကို မကြာခဏ ပြင်ဆင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ မူဝါဒတွေဟာ ခိုင်မာတိကျပြတ်သားမှုမရှိဘဲ ထွေပြားရှုပ်ထွေး လာတတ်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက်ဟာလည်း အမျိုးမျိုး ပြောင်းလဲပြီးတော့ မူဝါဒ တည်ငြိမ်မှုမရှိတဲ့အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပြီး နိုင်ငံတော်ရဲ့အကျိုး စီးပွားထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၃၆(က)(ခ) ဖော်ပြချက်များကိုတော့ လက်ရှိ အခြေအနေမှာ မူလအတိုင်း ထားရှိ ဆောင်ရွက်ခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်တယ်””ဆိုပြီး ဆွေးနွေးသွားပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ လွှတ်တော်ဆွေးနွေးပွဲမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် (၄)ဦး ဆွေးနွေးသွားတဲ့ အချက်များအရ သုံးသပ်ရရင် တပ်မတော်က ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ)တို့ကိုပြင်ဖို့ စိတ်ဆန္ဒ လုံးဝမရှိဘူးဆိုတဲ့အချက်ကို တွေ့ရပါတယ်။ ၄၃၆ မပြင်ဆင်ချင်ရတဲ့ အကြောင်းပြ ဆွေးနွေးချက်များဟာလည်း ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ၄၃၆ ပြင်လိုက်ရင်ပဲ နိုင်ငံတော်ရဲ့မူဝါဒတွေ ထွေပြား ရှုပ်ထွေးလာပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှု နှောင့်နှေးနိုင်တယ် ဆိုတဲ့ ဆွေးနွေးချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိလှပါဘူး။

၄၃၆ ပြင်မှ ဖွဲ့စည်းပုံပြင်ဖို့ လွယ်ကူပြီး ဒီမိုကရေစီစနစ်နဲ့ ညီညွတ်တဲ့ ပုဒ်မများအဖြစ် ဖန်တီး အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ၄၃၆ ကို မပြင်ဘဲ တောင့်ခံထားရင်သာ တိုင်းပြည် အရေးအရာအဖြာဖြာမှာ အခက်အခဲ အဖုအထစ် ဆူးငြောင့်တွေနဲ့ တိုင်းပြည် အနာဂတ်လည်း ဆုတ်ယုတ် ပျက်ယွင်းမှာ ဧကန်မုချဆိုတာ ပြည်သူတိုင်းအသိ ဖြစ်ပါတယ်။

တပ်မတော်ကတော့ ပြည်သူ့အသိနဲ့ ဆန့်ကျင်စွာပဲ ၄၃၆ ပြင်လိုက်ရင် တိုင်းပြည်ကြီး မဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ ဆွေးနွေး ချက်ဟာ ဘယ်သူ့အကျိုးစီးပွားအတွက် ကာကွယ်နေတယ်ဆိုတာ တပ်မတော် ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပါ လိမ့်မယ်။

နိုဝင်ဘာ ၁၄ ရက်မှာ သမ္မတ အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ လာရောက် တွေ့ဆုံ ပါတယ်။ တွေ့ဆုံမှုမှာ သမ္မတ အိုဘားမားက““အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ အားလုံး ပါရမယ်။ မပါအောင် လုပ်ထားလို့ မရပါဘူး။ အခြေခံဥဒေမှာ တားမြစ်ချက် တချို့က ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်သူ့ကိုတော့ သူ့သားသမီးက ဘာဖြစ်လို့ဆိုပြီး သမ္မတဖြစ်ခွင့် မပြုတာမျိုးဟာ မျှတမှုမရှိပါဘူး”” ဆိုပြီး ပြောဆိုသွားပါတယ်။ ၅၉(စ)ပြင်ဆင်ရေး အတွက် သမ္မတ အိုဘားမားက အထူးအလေးအနက်ထား ပြောဆို သွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီလို့ ပြောဆိုခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် တိုက်တွန်းချက်တွေနဲ့ တပ်မတော်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားတွေ ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရပါတယ်။ သမ္မတ အိုဘားမား ဟာ နေပြည်တော် ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေခြင်းအပေါ် အင်ဒိုနီးရှားနိုင်ငံနဲ့ ဥပမာပေးရင်း စစ်တပ်ကို နိုင်ငံရေးမှာ မပါဝင်ဖို့နဲ့ စစ်တပ်ကို အရပ်သားအစိုးရ လက်အောက် ရောက်အောင်လုပ်ဖို့ တိုက်တွန်း ပြောဆို သွားပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အစီရင်ခံစာမှာတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုမိုတိုးမြှင့်လိုတဲ့ အချက်(၅)ချက်ကို ထည့်သွင်း အကြံပြုထားပါတယ်။

တပ်မတော်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ခြင်းအပေါ် ရပ်တည်ချက်ဟာ အတိုက်အခံနဲ့သာမက အမေရိကန် သမ္မတအိုဘားမားရဲ့ တိုက်တွန်းမှုတွေနဲ့ပါ ထိပ်တိုက် တွေ့နေတယ်လို့ သုံးသပ်ရပါတယ်။

နိုဝင်ဘာ ၁၃ ကနေ ၂၁ ရက်နေ့အထိ ပြုလုပ်မယ့် လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ် ၅၀ ဦး ဆွေးနွေးဖို့ တင်ပြထားပြီး တိုင်းပြည် အနာဂတ်အတွက် ဘယ်လို အကျိုးပြုမယ့် ဆွေးနွေးချက်တွေ ထပ်မံ ပေါ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ဆွေးနွေးချက်တွေအပေါ် အာဏာရ ကြံ့ခိုင်ရေးပါတီက ထောက်ခံ ဆွေးနွေးမလား။ ကန့်ကွက် ဆွေးနွေးမလားဆိုတာလည်း ပြည်သူအပေါင်းက အထူးစောင့်ကြည့် နားစွင့်နေကြောင်း တင်ပြလိုက်ရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ