Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

ဦးသိန်းစိန်အား သမ္မတဖြစ်လာစေသော အကြောင်းရင်းမှာ အကြီးအကဲများ အပေါ် ကလန်ကဆန် မလုပ်ခဲ့ ခြင်းကြောင့်ဟု မိသားစုဝင်ပြော

သမ်္မတ ဦးသိန်းစိန် အနေဖြင့် ယခုကဲ့သို့ သမ္မတ ဖြစ်လာစေသည့် အကြောင်းရင်းများတွင် ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အကြီးအကဲများအပေါ် ကလန်ကဆန် မလုပ်ခဲ့ခြင်းနှင့် အလုပ်လုပ်ရာတွင် တည်ငြိမ်မှု ရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ အစ် ကိုဖြစ်သူ ဦးထွန်းမြင့်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတဇာတိဖြစ် သည့် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက် နယ် ကျေးရွာတွင် ပြုလုပ်သည့် သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲ အခမ်း အနား၌ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်မှာ မောင်နှမသားချင်း သုံးဦးရှိပြီး အငယ်ဆုံြး ဖစ်ကြောင်းနှင့် ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့် ရှိကြောင်း လည်း ဦးထွန်းမြင့်က ယခုကဲ့သို့ ပြောပြသည်။

““သူ့ကို သမ္မတတစ်ယောက် ဖြစ်လာစေဖို့အတွက် အတိတ်၊ ပစ္စုပ္ပန် အကြောင်းအကျိုးတွေ လိုတယ်။ အတိတ် အကြောင်းကြောင့် ပစ္စုပ္ပန်မှာကတော့ သူက သူ့ကိုယ်သူ ကောင်းအောင် နေတယ်။ စိတ်ကို နိုင်အောင် ထိန်းတယ်။ မလုပ်သင့်တာကို မလုပ်ဘူး။ နောက်တစ်ခုက အမူအကျင့်ပဲ။ သူ့အကျင့်က အားနေရင် စာကြည့် တာပဲ။ သူက အားနေရင် အင်္ဂလိပ်စာ လေ့လာတယ်။ အချိန်ကို အလကား မထားဘူး။ ပြီးတော့ လက်ဖက် ရည်ဆိုင် ထိုင်တာတို့လည်း သိပ်မလုပ်ဘူး။ နောက်တစ်ခုက သူက သူ့အထက် လူကြီးတွေကို လေးစားတယ်။ လူကြီးတွေရဲ့ စကားကို နားထောင်တယ်။ လူကြီးတွေကို ကလန်ကဆန် မလုပ်ဘူး။

ဗိုလ်ချုပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့ အဲဒီအနားတွေမှာနေပြီး အဲဒီလူကြီးတွေရဲ့ စကားကို နားထောင်တယ်။ သိပ်ပြီးတော့ ကလန်ကဆန် ခံပြောတာတို့၊ ကြွပ်ဆတ်ဆတ် လုပ်တာတို့ သူကမရှိ ဘူး။ နောက်တစ်ခုက သူ့အမူအရာက ဘယ်လိုပဲခိုင်းခိုင်း ပျာရိပျာယာလုပ်တာ မရှိဘူး။ တည်တည်ငြိမ်ငြိမ် မှန်မှန်ပဲ။ လူကြီး ခေါ်လည်း တချို့အရာရှိတွေဆို အပြေးအလွှား သွားတတ်တယ်။ သူကတော့ မှန်မှန်ပဲ။ အဲဒီတော့ သူ့စိတ်ကိုတော့ တည်ငြိမ်အောင် ထားတယ်။ စိတ်ငြိမ်အောင် ဂေါက်ရိုက်တယ်။ နောက် နှလုံးခုန်စက်တပ် ထားရတော့ ဂေါက်မ ရိုက် နိုင်တော့ဘူး””ဟု ဦးသိန်းစိန် သမ္မတ ဖြစ်ရခြင်း အကြောင်းရင်းတစ်ရပ် အဖြစ် သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ယူဆပြောဆိုသည်။

ဦးသိန်းစိန်မှာ မိသားစုအကျိုးထက် အများပြည်သူ အကျိုးကိုသာ ကြည့်တတ်သူ ဖြစ်ကြောင်း၊ ဆွေမျိုးများက အကူအညီ တောင်းခံမှုများ ရှိသော်လည်း မိမိအစွမ်းအစဖြင့်သာ လုပ်ဆောင်ကြရန် ပြောဆိုလေ့ ရှိကြောင်း ကိုလည်း ယခုကဲ့သို့ ပြောပြသည်။

““သူကတော့ မိသားစုကိစ္စ သိပ်အလေးမထားဘူး။ အများပြည်သူ အရေးပဲ အလေးထားတယ်။ ငါတို့လည်း ဆင်းဆင်းရဲရဲပဲ နေရတယ်။ ဘာမှ မလုပ်နိုင်ဘူး။ ဟိုဟာတောင်း၊ ဒီဟာတောင်းပဲ လုပ်နေရတယ်။ ငါ့သား သမီးတွေ ဆိုလည်း ““မင်းတို့ အရည်အချင်းနဲ့ မင်းတို့လုပ်ကြ””လို့ ပြောတယ်။ ငါ့သားအကြီးက လက်ထောက် ညွန်ကြားရေး မှူးရာထူးနဲ့ မကွေးမှာ တာဝန်ကျတယ်။ သူ့ကိုလည်း ““ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်။ ငါ့ ကို ဟိုဟာလာပြောခိုင်း၊ ဒီဟာ လာပြောခိုင်း မလုပ်နဲ့””လို့ ပြောတယ်။ ကိုယ်တို့လည်း လောဘသားပဲ။ ဟိုဟာလေး လည်း လိုချင်၊ ဒီဟာလေးလည်း လိုချင်ပေါ့။ သူကတော့ ဘဘကို ““ဘာမှမလုပ်နဲ့။ လိုချင်တာရှိရင် ကျွန်တော့် ကိုပြော””လို့ ပြော တယ်။ သူကလည်း ပေးနိုင် ကျွေးနိုင် သလောက်တော့ ပေးတာကျွေးတာပေါ့။ သူက င့ါကို ပြောသာနေ တာ။ မြေကွက်တစ်ကွက် မပေးဖူးဘူး။ တစ်ခုတော့ ရှိတယ်။ သူ့အိတ်ထဲက ပိုက်ဆံစိုက်ပြီး ဖုန်းလေး တစ်လုံးတော့ ၀ယ်ပေးဖူးတယ်။ မျက်စိခွဲစိတ် ကုသပေးဖူးတယ်”” ဟု သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က မီဒီယာများသို့ ပြောသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ