Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 27, 2014

ဝေဇယန္တာလမ်းမပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်

27 November 2014 16:02(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင် နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား ပြောစက်တွေ့ရှိသဖြင့် အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များသည်လှည့်ကင်း ဆောင်ရွက် စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်နေကြောင်း သတင်းအရ လိုက်လံဖမ်းဆီး ရာ ဆိုင်ကယ်(၁၅)စီးခန့်နှင့် ပြိုင်ကား(၁)စီးတို့ဖြစ်ပြီး 3G--- ပြိုင်ကားအား မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာ ကျေးရွာအုပ်စု၊ ပုလဲ (၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမ၊ နီလာရိုးမ ဓါတ်ဆီဆိုင်ရှေ့တွင် တွေ့ရှိရပါသည်။

အဆိုပါ ပြိုင်ကားအား စစ်ဆေးရှာဖွေရာ တာမွေမြို့နယ် နေသူများ ဖြစ်ကြသည့် ယာဉ်မောင်း ကိုညီညီ (၃၃)နှစ်နှင့် ယာဉ်ပေါ်လိုက်ပါလာသူ ကိုမျိုးမင်း(ခ) မျိုးမင်းထွန်း (၃၈)နှစ်တို့အား လက်ကိုင်စကား ပြောစက်(၁)လုံး၊ ဘက္ထရီ အပို(၁)ခုတို့နှင့်အတူတွေ့ရှိရပြီး ယာဉ်နှင့် လက်ကိုင်စကားပြောစက် ပိုင်ရှင် ဖြစ်သူ တာမွေမြို့နယ်နေ ချမ်းမြေ့ကျော်(ခ)ဒေးဗစ်ကျော် (၃၅)နှစ်မှာ ၁၄ယ/----ဟွန်ဒါ CB-400 ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့သဖြင့် လက်ကိုင်စကား ပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား သိမ်းဆည်းခဲ့ပါသည်။

ယင်းသို့ ဆက်သွယ်ရေး ပစ္စည်း ဖြစ်သော လက်ကိုင်စကားပြောစက်(၁)လုံးနှင့် ဘက္ထရီအပို(၁)ခုတို့အား လက်ဝယ်ထားရှိသူ ကိုညီညီ၊ကိုမျိုးမင်း(ခ)မျိုးမင်းထွန်းနှင့် ပစ္စည်းပိုင်ရှင်ဖြစ်သူ ချမ်းမြေ့ကျော် (ခ)ဒေးဗစ်ကျော်တို့(၃)ဦးအား မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်း(ပ)၃၆၂/၂၀၁၄၊ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ