Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

ဘောလိဝုဒ်မင်းသမီး ဗီနာမာလစ် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ ဘာသာတရားကို မလေးမစား လုပ်မှုဖြင့် အရေးယူခြင်းဖြစ်

ဘောလိဝုဒ်နာမည်ကျော် မင်းသမီး တစ်ဦး ဖြစ်သော ဗီနာ မာလစ်ကို ပါကစ္စတန် တရားရုံးတစ်ခုက ဘာသာတရား ကိုမလေးမစား လုပ်မှုဖြင့် ထောင်ဒဏ် ၂၆ နှစ်ချမှတ်လိုက် ကြောင်း Foxnews သတင်းဌာနက ယနေ့ဖော်ပြသည်။

ပါကစ္စတန်နှင့် အိန္ဒိယကြားရှိ ကက်ရှ်မီးယားဒေသရှိ ဂီလ်ဂျစ်တရားရုံးက ဗီနာမာလစ်ကို ထောင်ဒဏ်အပြစ်ပေးခဲ့ ခြင်းဖြစ်ပြီး ၄င်း၏ခင်းပွန်းသည် ဖြစ်သူ အေဆက်ဒ်ဘာရှာ ခန်းခါတက်နှင့် မင်္ဂလာဆောင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို တမန်တော်မိုဟာမက်၏သမီး မင်္ဂလာပွဲ အပေါ် အခြေခံ၍ ရုပ်သံဇာတ်လမ်းရိုက်ကူးထုတ်လွှင့်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ စံချိန်တင် ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရခြင်းဖြစ် သည်။

အေဆက်ဒ်ဘာရှာခန်းခါတက်သည် ဗီနာမာလစ်နှင့် မင်္ဂလာဆောင်ခဲ့သော ဖြစ်စဉ်များကို ရိုက်ကူးထားသည့် အဆိုပါရုပ်သံဇာတ်လမ်းတွဲကို ၄င်းပိုင်ရုပ်သံတွင် လအတော် ကြာထုတ်လွှင့်ခဲ့မှုကြောင့်ပါကစ္စတန်တရားရုံးက ၄င်းကို ထောင်ဒဏ် ၁ဝ၄ နှစ်ကျခံရန်လည်း အမိန့်ပေးခဲ့သည်။

တရားသူကြီးများသည် အမိန့်ချမှတ်ပြီးနောက် အာရပ် စော်ဘွားများပြည်ထောင်စု တွင်နေထိုင်လျက်ရှိသော အေ ဆက်ဒ်ဘာရှာခန်းခါတက်နှင့်ဗီနာမာလစ်တို့ကို ဖမ်းဆီးရန် အကူအညီတောင်းခံခဲ့သည်ဟု အရှေ့အလယ်ပိုင်းမီဒီယာ များက ဖော်ပြသည်။

ဗီနာမာလစ်က Guff သတင်းဌာနနှင့် တွေ့ဆုံရာတွင် ''ထောင်ဒဏ် ၂၆ နှစ်တဲ့လား။ လာစမ်းပါစေ။ ဘဝသက် တမ်းအတွင်းမှာ ၂၆ နှစ်ဆိုတာ တော်တော်များတဲ့ အချိန် ကာလတစ်ခုပါ။ဒါပေမယ့် ပါကစ္စတန်မှာရှိတဲ့ တရားရုံးချုပ် အထိ အယူခံဝင်ဖို့စီစဉ်ထားပါတယ်။ ပါကစ္စတန်အဆင့်မြင့် တရားရုံးတွေအပေါ်မှာလဲ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်မဘဝမှာ နိမ့်မြင့်တက်ကျအများအပြားရင်ဆိုင်ခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုအမှား အယွင်းမျိုးကိုမှမလုပ်ခဲ့ဖူးဘူးဆိုတာ တော့ သေချာပါတယ်။ ဘာသာတရား ကို မထီမဲ့မြင်လုပ်ခဲ့တယ်ဆိုတဲ့စွဲချက် က ပြင်းထန်လွန်းတယ်လို့ထင်ပါတယ်၊ ဒါက ရန်ငြိုးထားတဲ့ စီရင်ချက်တစ်ခု ဖြစ် နေမလားလို့စဉ်းစာမိပါတယ်။ အပြစ်မရှိ ဘူးဆိုတာ သက်သေပြနိုင်ဖို့ ဘာမဆိုလုပ်သွား မှာပါ'' ဟု ပြောသည်။

သို့သော် စီရင်ချက်ချမှတ်ခဲ့သော ဂီလ် ဂျစ်တရားရုံး၏အမိန့်သည် ပါကစ္စတန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အကျုံး ဝင်ခြင်းမရှိဟုသိရသည်။ ဂီလ်ဂျစ် တရားရုံးသည် ဗီနာမာလစ်တို့ဇနီး မောင်နှံကို ဒဏ်ငွေ ရူပီးသုံးသန်း ပေးဆောင်ရန်လည်း အမိန့်ချမှတ် ခဲ့သည်။

ပါကစ္စတန် GEO ရုပ်သံတွင် အဆိုပါဇာတ် လမ်းကို နံနက်ပိုင်းအစီ အစဉ်ဖြင့် ပုံမှန်ပြသခဲ့ ခြင်းဖြစ်ပြီး ပါကစ္စတန် နိုင်ငံတစ်ဝန်းလုံးတွင် အဆိုပါ ရုပ်မြင်သံကြားဇာတ်လမ်းနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့သည်။ ဗီနာမာ လစ်သည် ၂ဝ၁၁ ခုနှစ်က လည်းအလားတူပြဿနာမျိုး ရင်ဆိုင်ခဲ့ရဖူးသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ