ရန်ကုန် နိုဝင်ဘာ ၂၄
မလေးရှားနိုင်ငံ အရှေ့ပိုင်းရှိ ဆရီအမာဒေသတွင် ယခုလ ၂၃ ရက်က ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲခဲ့ရာမှ ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားသုံးဦး သေဆုံးခဲ့ခြင်း နှင့်ပတ်သက်၍ သေဆုံးခဲ့သူများ၏ မိခင်နိုင်ငံများဖြစ်သော မြန်မာ၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယား နိုင်ငံများမှ သံရုံးအရာရှိများနှင့် ဒေသခံ စရာဝပ်အထွေထွေဆေးရုံ မှတာဝန်ရှိသူများ ယနေ့တွင်ညှိနှိုင်း ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း Beranma သတင်းဌာနက ဖော်ပြ ခဲ့သည်။
သေဆုံးသူများမှာ အသက် (၃၆) နှစ်အရွယ်ရှိ မြန်မာနိုင်ငံမှ ထွန်းထွန်းဝင်း၊ အသက် (၃၈)နှစ် အရွယ်ရှိ အင်ဒိုနီးရှားနိုင်ငံမှ ခါဒီ ရန်တိုနှင့် အသက် (၂၉)နှစ်အရွယ် ရှိ မြောက်ကိုရီးယားနိုင်ငံသား ပန်ချန် ယောက်တို့ဖြစ်သည်။
၎င်းတို့ သုံးဦးသေဆုံးခြင်းနှင့် ပတ်သက်၍ စရာဝပ်ဆေးရုံ၏ကုသမှု လုပ်ငန်း စဉ်များအပေါ်မကျေနပ်မှုများ ရှိနေခြင်းကြောင့် ယနေ့တွင်ဆွေးနွေး ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရသူ ၂၈တွင် မြောက် ကိုရီးယားနိုင်ငံမှ ရှစ်ဦး၊ မြန်မာ နိုင်ငံမှ ခြောက်ဦး၊ အင်ဒိုနီးရှား နိုင်ငံမှ ခြောက်ဦး၊ တရုတ်နိုင်ငံမှ ခြောက်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှနှစ်ဦး ပါဝင်ကြောင်း သိရသည်။
No comments:
Post a Comment