Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

ကလေးကုန်ကူးသူများထံက ကယ်ဆယ်ထားသည့် ကလေး ၁၁ ဦး၏ မိသားစုများကို တရုတ်ရဲ ရှာဖွေ

25 November 2014 16:25(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ရဲတွေဟာ ကလေးကုန်ကူးမှု ကွင်းဆက်ကို ဒီလအစောပိုင်းက ဖြိုခွင်းအပြီး ကယ်ဆယ်ရရှိလာတဲ့ ကလေး ၁၁ ယောက်ရဲ့ မိသားစုတွေကို ရှာနေပါတယ်။

ကလေးတွေ အားလုံး ကျန်းမာရေးကောင်းနေပြီး ယူနန်က ကိုင်ယွမ်ကလေး စောင့်ရှောက်ရေးဌာန က စောင့်ရှောက်ပေးနေပါတယ်။

chinaကလေးတွေရဲ့ မျိုးဗီဇ နမူနာတွေ ကောက်ယူထားပြီး စာရင်းပြုစုထားတယ်။ မိဘတွေကို ရှာတွေ့ရင် သူတို့ရဲ့ မျိုးဗီဇချင်း နှိုင်းယှဉ်ကြည့်မယ်လို့ ကူမင်းဘူတာ လူထုလုံခြုံရေးဗျူရိုအရာရှိ ဝမ်ကျိက ပြောပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ပြန်ပေးဆွဲခံကလေးတွေရဲ့ မိဘတွေကို ရှာရာမှာ အထောက်အကူ ပြုဖို့ မျိုးဗီဇ အချက်အလက်တွေကို ကွန်ပြူတာနဲ့ မှတ်တမ်းတင် သိမ်းဆည်းတဲ့ စနစ်ကို ပြုစုထားပါတယ်။

ကလေးတွေဟာ မရှင်းလင်းတဲ့ နောက်ကြောင်းနဲ့ အိမ်ခြေမဲ့ကလေးတွေလား လူကုန်ကူးခံ ဓားစာခံတွေလားဆိုတာ သိဖို့ ကလေးတွေဆီက မျိုးဗီဇနမူနာကို ယူမှာပါ။

တချို့မိသားစုတွေကတော့ မိဘရင်းတွေကို ရှာမတွေ့ခဲ့ရင် ကလေးတွေကို မွေးစားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုဆက်သွယ်လာခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။

လောလောဆယ်မှာ ရဲတွေက ဒီသတင်းကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့လို့ လူအများ အပြားက လူမှုဖူလုံရေးဂေဟာမှာ ကလေးတွေကို ကြည့်ဖို့ လာခဲ့ကြပါတယ်။

ကလေးတွေကို စောင့်ရှောက်ဖို့ ၂၄ နာရီ အလုပ်လုပ်နေတယ်လို့ ဌာနက သူနာပြုဝန်ထမ်း က ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ