၎ တန်း နဲ့ ၈ တန်းကို ကျောင်းစစ် အနေနဲ့ စာမေးပွဲ စစ်ဆေးမှာ မဟုတ်ဘဲ၊ ၄ တန်း အဆင့် စာမေးပွဲ ကို ခရိုင် အဆင့် ကျောင်း ပေါင်းစုံ ဘုတ် အဖွဲ့နဲ့ မေးခွန်း ထုတ်တာ၊ အဖြေလွှာ စစ်တာတွေ လုပ်မှာ ဖြစ်ပါတယ်။
၈ တန်း ကိုတော့ တိုင်းအဆင့် ကျောင်းပေါင်းစုံ ဘုတ် အဖွဲ့နဲ့ မေးခွန်း ထုတ်တာ၊ အဖြေလွှာ စစ်တာတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
စာမေးပွဲမှာ ကျတဲ့ ဘာသာ ကိုတော့ တစ်ကြိမ် ပြန်ဖြေခွင့် ပေးမယ်လို့ ပညာရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံ စာစစ် အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါ တယ်။
၎ တန်းနဲ့ ၈ တန်း ကျောင်းသားတွေ အလေ့ အကျင့် ဖြစ်အောင်လို့ ဒီဇင်ဘာလ ပြုလုပ်မယ့် အစမ်း စာမေးပွဲမှာ စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ပထမဆုံး အဆင့် အနေနဲ့ ၄ တန်နဲ့ ၈ တန်းကိုပဲ ကျတဲ့ ဘာသာတွေ ကို ပြန်ဖြေခွင့် ပေးမှာ ဖြစ်ပေမယ့် ရလာတဲ့ အချက် အလက် တွေကို သုံးသပ်ပြီး တခြား အတန်း တွေမှာလည်း သုံးသပ် မသင့် ဆိုတာကို ဆုံးဖြတ် သွားဖို့ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
![]() |
ကျတဲ့ ဘာသာကို တစ်ကြိမ် ပြန်ဖြေ ဆိုခွင့် ပေးမယ်လို့ စာစစ် အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြော |
No comments:
Post a Comment