Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

ရန်ကုန်မှာ မူးယစ်ဆေးဝါး ကျော်ဇော သတင်းရှိသူများ၏ နေအိမ်များကို ၀င်ရောက်ရှာဖွေ ဖမ်းဆီး

မူးယစ်ဆေးဝါး ကျော်ဇော သတင်းရှိသူများ၏ နေအိမ်များသို့ ၀င်ရောက်ရှာဖွေ ဖမ်းဆီးရာ မူးယစ်ဆေးဝါးများ၊ ဓါးလက်နက်များ၊ CCTV ကင်မရာနှင့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မူးယစ်ဆေးဝါးနှင့် လက်နက်များရှာဖွေဖော်ထုတ် ဖမ်းဆီးရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၄၁)မှတပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါး ကျော်ဇော သတင်းရှိသည့် နေအိမ်များသို့ ၀င်ရောက်ရှာဖွေ ဖမ်းဆီး ခဲ့ကြပါသည်။

၂၈.၁၁.၂၀၁၄ ရက်နေ့ ၀၃၂၀ အချိန်တွင် မူးယစ်ဆေးဝါး ကျော်ဇောသတင်းရရှိသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ စကားဝါလမ်းနေ ခင်ဇော်၊ (၄၆)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၃၀၆)ပြား၊ ဘိန်းဖြူ (၀.၂)ဂရမ်၊ ICE (၀.၅)ဂရမ်၊
ဆေးခြောက်(၂.၄)ဂရမ်၊ အိပ်ခန်းအတွင်းမှ ငှက်ကြီးတောင်ဓါးနှင့်ကင်ဒိုဓါးရှည် (၈)ချောင်း၊ ဓါးမြှောင်(၁)ချောင်း၊ နှစ်ဖက်အသွားပါရဲဒင်း(၇)လက်၊ ပတ်ဝန်းကျင် လှုပ်ရှားမှုနှင့် လာရောက်ဖမ်းဆီးမည့် ရဲတပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုအား စောင့်ကြည့်ရန် အတွက်တပ် ဆင်ထားသော CCTV ကင်မရာ (၃)လုံး၊ မော်နီတာ (၁)လုံး၊ CZI မော်တော်ဆိုင်ကယ်(၁)စီး၊ ငွေစက္ကူရောရာ (၁၄၀၀၀၀)ကျပ်၊ ဆင်းကတ်(၂)ကတ်ပါလက်ကိုင်ဖုန်း(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ခင်ဇော်အား သုဝဏ္ဏနယ်မြေရဲစခန်း မယ(ပ)၂၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က) /၂၀(က)/၂၁ နှင့် (ပ)၃၈၈/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(က)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ၀၃၃၅ အချိန်တွင် မူးယစ်ဆေးဝါး ကျော်ဇော သတင်းရရှိထားသူ များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ စကားဝါလမ်းနေ မဝေ၊ (၄၅)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာ ဖွေရာ ဆေးခြောက်(၁.၀၆၁)ကီလိုဂရမ်ခန့်နှင့် ဆေးခြောက်စေ့ (၃၂.၆၆)ဂရမ်ခန့် တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း မယ(ပ)၂၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် လည်းကောင်း၊ ၀၄၀၀အချိန်တွင် အဆိုပါရပ်ကွက်နတ်စင်(၆)လမ်းနေ ဒေါ်ကုလားမ(ခ)ဒေါ်တင်တင်နွယ်၊ (၄၃)နှစ် ၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွဆေးပြား အမှုန့်များကပ်နေသည့် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်(၁)အိတ် အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်း မယ(ပ)၂၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ