Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံး အာမခံကြေး တင်မည်

25 November 2014 14:01(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာ အလုပ်သမား ၂ ဦး အတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံ တင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့ အမှုတွေ များတာကြောင့် ခရိုင်တရားရုံးမှာ အာမခံငွေကြေး ပိုသွင်းပြီး အာမခံ ရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း မြန် မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြော ပါတယ်။

"တကယ်တမ်း ဒီလိုအမှုတွေမှာတော့ တကယ်တော့အရင်သူတို့ပြောတဲ့အတိုင်းပါပဲ၊ ဘက် ၅ သိန်းစီပါပဲ၊ ဒါပေမဲ့ စွပ်စွဲတဲ့ပုပ်မတွေဟာ ကြီးမားပြီးတော့ များပြားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ တရားသူကြီးဆင်ခြင်တုံတရားပြုတဲ့ အခါမှာ အာမခံငွေများနေရင် ကျနော်တို့ဘက်က အခွင့်အရေးကောင်းတယ်ဆိုပြီးတော့ ဒါကြောင့်မို့ ကျနော်တို့ ရှေ့နေများကောင်စီက အကြံ ဥာဏ်ပေးခဲ့တာပါ၊ ရှေ့နေများကောင်စီပြောတဲ့အတိုင်း ဘက် ၁ သန်းစီကိုပဲ ကျနော်တို့တင်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒါကိုလည်း သံအမတ်ကြီးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးပါပြီ"

ခိုထောင်းကျွန်းအမှုအတွက် ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့ ထိုင်းနိုင်ငံကိုရောက်ရှိနေပါတယ်။

ဥပဒေ နဲ့မှုခင်းဆိုင်ရာကျွမ်းကျင်သူတွေပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ မြန်မာ သံရုံးအထူးအဖွဲ့ဝင်တွေနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပြီး၊ ခရီးစဉ်မှာလိုက်ပါလာတဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနှစ်ဦးအမှုအတွက် လွှတ်တော်အမတ်တွေ လှူဒါန်းလိုက်ကြတဲ့ အမေရိကန် ဒေါ်လာ တစ်သောင်းခွဲကို မြန်မာသံရုံးအထူးအဖွဲ့ကို ပေးအပ်ခဲ့ခဲ့ကြောင်းသိရပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ တနင်္လာနေ့ မနက်က ထိုင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဦးခင်အောင်မြင့်ဟာ အစိုးရအိမ်တော်မှာ ထိုင်း ဝန်ကြီးချုပ် နဲ့တွေ့ဆုံခဲ့ပြီး၊ ထိုင်းလွှတ်တော်မှာ အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီ ဥက္ကဌ တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာတော့ ခိုထောင်းကျွန်းအမှုနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးပြောဆိုခဲ့တာ ရှိမရှိမသိရကြောင်း ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာအလုပ်သမားနှစ်ဦးနဲ့တွေ့ဆုံပြီး အာမခံရရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ