Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 28, 2014

အီဘိုလာဒဏ် ခံနေရသည့် ဂီနီသို့ ပြင်သစ်သမ္မတ သွားရောက်

ကွန်နာကရိုင်၊ နိုဝင်ဘာ ၂၈

ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီသည် အီဘိုလာ အဆိုးရွားဆုံး ဖြစ်ပွားနေသည့် အနောက်အာဖရိက နိုင်ငံများအနက်မှ နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံသို့ သွားရောက်နေပြီ ဖြစ်ကာ ယင်းခရီးစဉ်မှာ အီဘိုလာကူးစက်ရောဂါဒဏ်အမြင့်မားဆုံး ခံစားနေရသည့် နိုင်ငံတစ်ခုသို့ ပထမဆုံး အနောက်အုပ်စုမှ နိုင်ငံခေါင်းဆောင်တစ်ယောက် လာရောက်ခြင်းလည်း ဖြစ်ကြောင်း BBC တွင် ဖော်ပြပါရှိသည်။

အီဘိုလာကြောင့် လူပေါင်း ၁၂၀၀ ဦး ထက်မနည်း သေကျေခဲ့ရသည် ဂီနီနှင့် တစ်သားတည်း ခံစားရကြောင်း၊ အကူအညီအထောက်အပံ့များလည်း ပေးမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားမည် ဖြစ်သည်။

ဂီနီရှိတွင် ကျန်းမာရေးစင်တာများ ဖွင့်လှစ်၍ အီဘိုလာထိန်းချုပ်ကိုင်တွယ်ရန် ပြင်သစ်က ယူရိုပေါင် သန်း ၁၀၀ လှူဒါန်းခဲ့သည်။

ယခုအခါ ဂီနီ၏ အီဘိုလာကူးစက်ပြန့်ပွားမှုအခြေအနေမှာ တည်ငြိမ်မှုရှိလာပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည်။

အနောက်အာဖရိက နိုင်ငံများ ဖြစ်ကြသည့် ဂီနီ၊ ဆီရာယာလီယွန်နှင့် လိုက်ဘေးရီးယားတို့တွင် အီဘိုလာကြောင့် သေဆုံးသူ စုစုပေါင်း ၅၄၀၀ ဦး ထက်မနည်း ရှိခဲ့ပြီ ဖြစ်သည်။

ပြင်သစ်သမ္မတ ဟော်လန်ဒီသည် ဂီနီ၏ မြို့တော် ကွန်နာကရိုင်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိမည် ဖြစ်ကာ ယင်းခရီးစဉ်မှာ အီဘိုလာ စတင်ဖြစ်ပွားခဲ့သည့် မတ်လနောက်ပိုင်း အနောက်အုပ်စုခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ်ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်း၏ တစ်နေ့တာ ခရီးစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာများသို့ သွားရောက်ကြည့်ရှုမည် ဖြစ်ကာ အီဘိုလာနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း AFP တွင် ဖော်ပြထားသည်။

ထို့ပြင် နယ်လှည့်ဆေးကုခန်းများနှင့် ကုတင် ၂၀၀ ဆံ့ ဆေးရုံတစ်ခုကိုလည်း ပဲရစ်အစိုးရက အီဘိုလာ ဝေဒနာရှင်များအတွက် လှူဒါန်းသွားမည် ဖြစ်သည်။
သမ္မတ ဟော်လန်ဒီသည် ဂီနီမှတစ်ဆင့် ဆီနီဂေါသို့ သွားရောက်မည် ဖြစ်ကာ ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်လည်း ဖြစ်သည်။

အီဘိုလာ ဖြစ်ပွားမှုမှာ ဂီနီထက် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ဆီရာယာလီယွန်နှင့် လိုက်ဘေးရီးယားတို့တွင် ပိုမို ဆိုးရွားပြင်းထန်နေသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ