Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

လွှေတ်တော်မှာ အခြေခံဥပဒေပြင်ရေး သီတင်းနှစ်ပတ်ကြာဆွေးနွေးမှု ပြီးဆုံး

25 November 2014 21:52(+0630) (လွန်ခဲ့သော 22 နာရီ ခန့်က)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦးရဲ့ ဆွေးနွေးချက်တွေ အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်း ဆွေးနွေးမှာ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြု လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာသည် လွှတ်တော်ကိုယ်စားလှယ် ၁၄ဝ ဦးရဲ့ ဆွေးနွေးချက်များအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပြင်ဆင်မှုဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နဲ့အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို အတည်ပြုကြောင်း ကြေညာပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦးက ပြည်ထောင်စုလွှတ်တော်မှာ နှစ်ပတ်ကြာ ဆွေးနွေးခဲ့တာပါ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ