Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 27, 2014

ဥပဒေနောက်က နည်းဥပဒေအမြန်လိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

27 November 2014 09:29(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
ပြည်ထောင်စု လွှတ်တော်က ဥပဒေတွေ ပြဌာန်းပေး လိုက်ပေမယ့် တကယ်တန်း အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေ ထွက်မလာရင် ဥပဒေဟာ စက္ကူပေါ်မှာပဲ ရှိတဲ့ ဥပဒေပဲ ဖြစ်နေလိမ့်မယ်၊ ဒါ့ကြောင့် နည်းဥပဒေတွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေကို တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးမင်းသူက ဘီဘီစီကို ပြောပါတယ်။

ဥပဒေတွေ ထွက်ပြီးပေမယ့် နည်းဥပဒေတွေ မရှိသေးတာကြောင့် အခက်အခဲ တွေ့ရတာတွေကို ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြသွားရာမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေမှာလည်း နည်းဥပဒေတွေ မထွက်သေးလို့ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ဝင်သင့်သလောက် ဝင်မလာနိုင်သေးတဲ့ အကြောင်း၊ အလုပ်သမား လုပ်ခ လစာဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေ၊ သတင်းမီဒီယာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အမျိုးသား ပညာရေးဥပဒေတွေမှာလည်း ဥပဒေရဲ့ ရည်ရွယ်ချက်အတိုင်း ပြည်သူလူထု အကျိုးစီးပွားကို ထိထိရောက်ရောက် မဆောင်ကြဉ်းပေးနိုင် ဖြစ်နေသေးတဲ့ အကြောင်းတွေ တင်ပြသွားပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကလည်း နည်းဥပဒေတွေမရှိသေးပဲ ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာ ဥပဒေတွေနဲ့ အရေးယူ ပြစ်ဒဏ်ချနေတာတွေဟာလည်း မသင့်တော်ဘူးလို့ ထောက်ပြပါတယ်။

ဥပဒေတစ်ရပ်ကို ပြဋ္ဌဌာန်းပြီးရင် သက်ဆိုင်ရာ နည်းဥပဒေကို ရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန်ရမယ်ဆိုတဲ့ ပြဋ္ဌဌာန်းချက်ရှိပေမယ့် တကယ်တန်းကျတော့ နည်းဥပဒေတွေ ထွက်မလာသလို အကျိုးအကြောင်းတွေကိုလည်း ရှင်းလင်းပြတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို အစိုးရရဲ့ ဒုတိယ ရှေ့နေချုပ်ကိုယ်တိုင်က နည်းဥပဒေတွေ လိုအပ်နေတာ ကို အသိအမှတ်ပြုကြောင်း ပြောခဲ့တဲ့ အတွက် အစိုးရ ဌာနတွေ အနေနဲ့ အမြန်ဆုံး လိုက်နာ ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ဦးမင်းသူက ဘီဘီစီကို ပြောခဲ့ပါတယ်။



 အရေးကြီးအဆို တင်သွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ