Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

ဖွဲ့စည်းပုံပြင်ရန် ၆ ပွင့်ဆိုင်ဆွေးနွေးရေး လွှတ်တော်အတည်ပြု

25 November 2014 16:23(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမျိုးသားလွတ်တော် ကို်ယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီး အဆိုတင်သွင်း ခဲ့တဲ့အပေါ် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက် သတင်းရယူတဲ့ ဒီဗွီဘီ သတင်းထောက်ကို နေဖြိုးဝင်းက ပြောပါတယ်။

အဲဒီ ၆ ပွင့်ဆိုင်မှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲက တိုင်းရင်းသားခေါင်းဆောင် တယောက်တို့ တွေ့ဆုံဆွေးနွေးကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

လွှတ်တော်တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဘာမှ မသေချာတဲ့အနေအထားမျိုးမှာ တဘက်သားဘာမှ တုံ့ပြန်မှု မရှိသေးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် အနေအထားနဲ့ အနာဂတ်နိုင်ငံအတွက်ကို အရေးကြီးတဲ့ အခုအဆိုဟာ အကျိုးသက်ရောက်မှု ရှိမယ်။ တိုင်းပြည်အတွက်၊ အနာဂတ်အတွက် သွားရမယ့် မျှော်လင့်ချက် တခုကို ဖြစ်စေတယ်။ လုံးဝ မပေါ်တာထက်စာရင် ပေါ်လာတာ မကောင်းဘူးလား။ ဒါကြောင့်မို့ ကျနော် ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဆုံးဖြတ်ချက်ကို လက်ခံကြောင်းနဲ့ လာမယ့် သောကြာနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်တွေ့ဆုံကြဖို့ ပြောကြားတယ်လို့ဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ