Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 26, 2014

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံ လျှောက်ပြီ

26 November 2014 15:47(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးအတွက် ကော့စမွီ တရားရုံးကြီးမှာ အာမခံရရှိရေးကို ဒီကနေ့ စတင် ဆောင်ရွက်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ မြန်မာသံရုံးအထူးအဖွဲ့ဝင်တွေ၊ ထိုင်းရှေ့နေများကောင်စီဝင် တွေနဲ့အတူ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းကို သွားရောက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီနောက် ပူးပေါင်းအဖွဲ့ဟာ ကော့စမွီအကျဉ်းထောင်မှာ ဖမ်းဆီးခံလူငယ် ၂ ဦးကို သွားရောက် တွေ့ဆုံမယ်လို့ လိုက်ပါသွားတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

ဦးထူးချစ်က “အခုလောလောဆယ် ကျနော်တို့ တရားရုံးမှာ အာမခံကိစ္စကို စပြီးတော့ ဆွေးနွေးနေပါပြီ။ ပြီးတော့မှ ကျနော်တို့ ထောင်ကို သွားမယ်။ အာမခံကိစ္စကို ပထမဦးဆုံး သံရုံးအနေနဲ့ အာမခံပြီးတော့ ဒီကလေးတွေကို ထုတ်လို့ ရမလားဆိုတာ မေးမယ်၊ ပြီးတော့မှ မရဘူးဆိုရင် ကျနော်တို့က ငွေနဲ့ လုပ်(အာမခံ)မယ်။ အခု ကျနော်တို့က အဲဒီတရားရုံးကို ရောက်နေတယ်” လို့ နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီမှာ ဒီဗွီဘီကို ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာဘက်က လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးနောက် အာမခံကိစ္စကို ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဦးခင်အောင်မြင့် လိုက်ပါလာခြင်း မရှိပေမယ့် အမျိုးသားလွှတ်တော်က အကြံပေးပုဂ္ဂိုလ်တွေနဲ့ ဥပဒေပညာရှင်တွေ လိုက်ပါလာတယ်လို့ သံရုံးအထူးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦးကိစ္စအတွက် စိုးရိမ်ပူပန်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပြီး တရားဥပဒေအရ မျှမျှတတ ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီမြန်မာလူငယ် ၂ ဦးက ကနဦးပိုင်းက ရဲထံမှာ ဖြောင့်ချက်ပေးခဲ့ကြပေမယ့် မိဘတွေနဲ့ တွေ့စဉ်မှာ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပြီး တရားဝင် ဖြောင့်ချက်ကို ရုပ်သိမ်းခဲ့ကြပါတယ်။

သူတို့ ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှုနဲ့ ပြစ်မှုကြီး ကျူးလွန်လျက် လိမ်လည်ထွက်ဆိုမှု၊ ခိုးမှု၊ တရားမ၀င် ၀င်ရောက်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုဖို့ ရဲဖက်က ပြင်ဆင်ထားပေမယ့် ဖြည့်စွက်ဖို့ အချက်အလက် လိုအပ်နေတာကြောင့် တရားရုံးကို အမှုစွဲတင်နိုင်ခြင်း မရှိသေးပါဘူး။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ