Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 27, 2014

ကလေးငယ်များကို လိင်အလွဲသုံးမှုဖြင့် ဗြိတန်နိုင်ငံသားကို ထိုင်းရဲ ဖမ်းဆီး

27 November 2014 13:46(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)
ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ထိုင်းအရှေ့မြောက်ပိုင်းကို ထိန်းချုပ်ရတဲ့ အမှတ် ၄ လူဝင်မှုစစ်တိုင်းရဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ချာ့ချိုင် လင်မ်ဆန်ဂ်က အဆိုပါ ဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် လိင်ပိုင်းအလွဲသုံးမှု ၁၂ မှုနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းမှု ၅ မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရကြောင်း ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဟတ်စ်တင်းစ်က သူဟာ ထိုင်းကို ၂၀၀၅ ခုနှစ်မှာ လာခဲ့ပြီး ခုတော့ ထိုင်းဇနီးသည်နဲ့ အတူ နေထိုင်တယ်လို့ ပြောပါတယ်။

သူကို စွပ်စွဲထားတာတွေကိုလည်း ငြင်းဆိုပြီး သူ့နာမည်ကို ပြန်သန့်စင်ဖို့ သူ့နိုင်ငံ ပြန်ဖို့ လိုလားကြောင်း ပြောပါတယ်။

ရဲတွေကတော့ ဟတ်စ်တင်းဟာ ဥဒုံဌာနီက ဒေသခံကျောင်းတခုမှာ အင်္ဂလိပ်ဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

သူ့ကို ရက်ပိုင်းအတွင်း ဗြိတိန်ကို ပြန်ပို့ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းရဲတွေက ပြောခဲ့ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ