Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 29, 2014

နိုင်ငံဝန်ထမ်း လစာတိုးရန် စဉ်းစားနေဆဲဟု ဘဏ္ဍာရေးဝန်ကြီးပြောကြား

28 November 2014 15:58(+0630) (2 ရက် ခန့်က)
နိုင်ငံဝန်ထမ်းတွေကို  လစာတိုးပေးဖို့ကိစ္စ  မပြီးပြတ်သေးဘဲ အသေးစိတ် စဉ်းစားတွက်ချက် နေဆဲ ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောကြား လိုက်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ  ပြောကြားသွားခဲ့တာ ဖြစ်ပြီး လစာတိုးဖို့အတွက် နိုင်ငံတော် ဘဏ္ဍာကနေ ပေးနိုင်တဲ့ ပမာဏအပါအ၀င် အခြား စဉ်းစား စရာတွေ အများကြီး ရှိတယ်လို့ ၀န်ကြီးက ရှင်းလင်း ပြောကြား သွားတာပါ။

လစာတိုးမြှင့်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဂယက်တွေနဲ့ ပတ်သက်ပြီး  မိမိတို့ထည့်သွင်းစဉ်းစားမှု အပိုင်းဖြစ်ပါကြောင်း၊ ပထမဆုံးအချက်က ပေးနိုင်မယ့် လစာနှုန်းထားတွေ၊ ပေးနိုင်မယ့်ငွေကြေး ပမာဏကို တွက်ချက်ရပါကြောင်း၊ အခုအချိန်မှာ မိမိတို့ အသေးစိတ်တွက်ချက်နေပြီး ပြီးပြတ်မှု မရှိသေးပါကြောင်း၊ အပြန်အလှန်အမျိုးမျိုး အချက်အလက်ပေါင်းစုံ ဆက်စပ်ပြီး တွက်ချက်နေတဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လစာ မဖြစ်စလောက်ပဲ တိုးပေးခဲ့တာကြောင့် ၀န်ထမ်းတွေ မလုံမလောက် လစာ ဖြစ်နေပြီး   လာမယ့် ဘဏ္ဍာရေးနှစ်က စလို့  ထိုက်ထိုက်တန်တန် တိုးပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက  ပြည်ထောင်စု လွှတ်တော်မှာ  အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ