Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ယူကရိန်းမှာ အပစ်ရပ်ပြီး နောက်ပိုင်း ၁၀ဝ၀ ခန့် သေဆုံး

20 November 2014 21:09(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရတပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြား အပစ်ရပ်ဖို့ သဘောတူခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကနေ စပြီး ခုချိန်ထိ တစ်နေ့ကို ပျမ်းမျှ ၁၃ ယောက် သေဆုံး ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြောပါတယ်။

သီတင်းပတ် ၈ ပတ်ကြာ ကာလအတွင်း အကြမ်းဖက်မှုတွေ နှစ်ဘက်စလုံးမှာ ဆက်လက် ဖြစ်ပေါ် နေခဲ့ရာမှာ သေဆုံးသူ စုစုပေါင်း ၉၅၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖော်ပြထားသလို အစိုးရ တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း အဲဒီ အစီရင်ခံစာ ထဲမှာ ဝေဖန်ထားပါတယ်။

ညှဉ်းပမ်း နှိပ်စက်မှု၊ ရုံးတင် စစ်ဆေးမှု မရှိဘဲ ထိန်းသိမ်း ထားမှုတွေ၊ အကျဉ်းရုံး ကွပ်မျက်မှုတွေ၊ အဓမ္မ အလုပ်ခိုင်းစေမှု တွေနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အထောက်အထား အချက်အလက် တွေနဲ့ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရ ရုံးတွေကို သိမ်းပိုက် ခဲ့တဲ့ ရုရှား လိုလားတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ အတွက် အစိုးရ တပ်တွေကို စေလွှတ်ခဲ့ရာက စပြီး တိုက်ပွဲတွေ စတင် ခဲ့တာ ဖြစ်ပါတယ်။


နောက်ဆုံးပေါ် လက်နက်ဆန်းတွေ အများအပြား အသုံးပြုမှုဟာလည်း လူ့အခွင့်အရေး အခြေအနေကို ထိခိုက်တယ်လို့ ဆို


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ