Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

နာဆာ က ဒုံးကျည်ကို တမင်တကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်

ဗာဂျီးနီးယား ၊ ၁-၁၁-၂၀၁၄

အောက်တိုဘာ ၂၉ ရက်က အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် Wallops Island ဒုံးလွှတ်စင်မှ နာဆာ က လွှတ်တင် လိုက်သော Antares ဒုံးကျည် ပေါက်ကွဲ ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ပျံသန်းရာ လမ်းကြောင်း လွဲမှား သွားသည်ကို သိရှိခဲ့သည့် အတွက် ယင်း ဒုံးကျည်ကို အချိန်မီ ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Orbital Sciences Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ ဒုံးလွှတ်စင်မှ ပစ်လွှတ် လိုက်ရာ လမ်းကြောင်း လွဲချော်သွား ခဲ့သည့် အတွက် ချက်ချင်းလိုလို ဖောက်ခွဲဖျက်ဆီး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာ က ဒုံးကျည်တစ်ခုကို လွှတ်တင်တိုင်း ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည်တွင် လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့လျှင် အလိုအလျောက် ဖျက်ဆီးသည့် ခလုတ်ကို နှိပ်ရလေ့ ရှိသည်။ မလိုအပ်ဘဲ ဒုံးကျည်ကို ဖျက်ဆီးမိလျှင် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော သိပ္ပံကိရိယာ တစ်ခုကို ဖျက်ဆီးမိမည် ဖြစ်ပြီး ချို့ယွင်းနေပြီ ဖြစ်သော ဒုံးကျည်ကို အချိန်မီ မဖျက်ဆီး လျှင်လည်း ဒုံးကျည်ပျက် ကျခြင်းကြောင့် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။

အဆိုပါနေ့က အမြင့် ၁၃၉ ပေ ရှိသော Antares ဒုံးကျည်သည် လွှတ်တင် လိုက်ပြီး ချက်ချင်းလိုပင် ချို့ယွင်းခဲ့သည့် အတွက် ယင်းလုံခြုံရေး ဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ဖျက်ဆီးသည့် ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့သည့် အတွက်သာ ထိုစဉ်က ဒုံးကျည် လွှတ်သည့် ဧရိယာတွင် ရှိနေသော လူပေါင်း မြောက်မြားစွာတို့ အသက် မဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရာရှိနှစ်ဦးသည် ပျံသန်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို တာဝန်ယူရပြီး ဒုံးကျည် စတင်ပစ်လွှတ် လိုက်ချိန်မှ စက္ကန့်ပိုင်း အတွင်း ဒုံးကျည်ကို ဆက်လက် ပျံသန်းစေမည် သို့တည်းမဟုတ် ဖျက်ဆီး ပစ်ရမည်ကို ဆုံးဖြတ်ချက်ချ ရလေ့ရှိသည်။

ဒုံးကျည်ကို ပစ်လွှတ် လိုက်လျှင် ယင်း အရာရှိနှစ်ဦးက စောင့်ကြည့် ရသော ပြစ်ချက် ၁ဝ ခုရှိပြီး ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော်သွား ခြင်း ကဲ့သို့ ပြစ်ချက်မျိုး အတွက် ဒုံးကျည်ကို ချက်ချင်း ဖျက်ဆီး ရလေ့ရှိသည်။

ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားသော ဒုံးကျည်သည် ပျံတက်နိုင်မည် မဟုတ်ဘဲ မြေပြင်ပေါ် သို့ ပြန်လည်ပြုတ်ကျ မည်ဖြစ်ပြီး လူ့ အသက်ပေါင်း မြောက်မြားစွာကို သေဆုံး စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒုံးကျည် ပစ်လွှတ် လိုက်စဉ် အရာရှိ နှစ်ဦးက ဒုံးကျည် ဦးတည်ရာ လမ်းကြောင်းကို စောင့်ကြည့်ခဲ့ရာ လမ်းကြောင်း သတ်မှတ်ထား သော ဝိုင်ယာကြိုးများ၏ နောက်ဘက် မှ ထွက်ခွာ သွားခဲ့သည့် အတွက် ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားခဲ့ကြောင်း ပေါ်ပေါက်၍ ဒုံးကျည်ကို ချက်ချင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစဉ်က ဒုံးကျည် လွှတ်တင်ရာ Wallops Island တွင် လူပေါင်း ထောင်နှင့်ချီ စုဝေးကြည့်ရှု နေခဲ့ခြင်း ဖြစ်ပြီး ဒုံးကျည်ပေါ် တွင်လည်း နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည့် ကိရိယာနှင့် စားနပ်ရိက္ခာ ပေါင် ၅ဝဝဝ ထက်မနည်းကို တင်ဆောင် ထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ