Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို အာမခံလျှောက်ခွင့်ပေး

20 November 2014 21:40(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှု သံသယနဲ့ စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာလူငယ်  ၂ ဦးကို အာမခံ လျှောက်ခွင့် ပေးလိုက်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အလုပ်သမား ၂ ဦးရဲ့ အာမခံအတွက် ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ရမှာ ဖြစ်သလို မြန်မာသံရုံးနဲ့ တိုင်ပင်ပြီး လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့လောက် အာမခံ အမြန်ဆုံးတင်သွင်းနိုင်ဖို့ ဆောင်ရွက်သွား မယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က  ကော့စမွီ တရားရုံးမှာ အစိုးရ ရှေ့နေဘက်က ရမန် တပတ် ထပ်မံတောင်းဆိုခဲ့တာပြီး မြန်မာလူငယ်တွေရဲ့ ရှေ့နေတွေကတော့  ချုပ်နှောင်ထားတာ ၄၈ ရက်ရှိပြီဖြစ်တဲ့အတွက် ထပ်မံမချုပ်နှောင်ထားသင့်ကြောင်း ကန့်ကွက်ခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“နှစ်ဖက် သုံးသပ်ချက်ကို တရားသူကြီးက ချပြီးတော့ မပြည့်စုံသေးတဲ့ စစ်ဆေးချက်တွေ ရှိနေလို့ ဆိုပြီးတော့ ရမန် တပတ်ထပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာတော့ အာမခံ လာလျှောက်ရင် လျှောက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောလိုက်ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ ဒီကနေ့ မနက်က တရာရုံးကို အချုပ်ကားနဲ့ ရောက်လာခဲ့ပြီး ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ ရှေ့နေက ပြောပါတယ်။

ကလေးတွေက သူငယ်ချင်းတွေဆီပေးတဲ့ စာမှာ အမှုကလွတ်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့နဲ့ ဒီအမှုမှာ အပြစ်တစုံတရာ မကျူးလွန်ခဲ့ဘူးလို့ ရေးသားထားပါတယ်။

“ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့ကို မေတ္တာ ပို့ပါတယ်။ ကျနော်တို့ ၂ ယောက် အခုဖြစ်ပျက်နေတဲ့ ပြဿ     နာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ၂ ယောက် ထောင်ထဲက လွတ်မြောက်ဖို့အတွက် ၀ိုင်းဝန်းပြီး ကြိုးစားပေးကြဖို့ ကျနော်တို့ ၂ ယောက် တောင်းပန်ပါတယ်။ တကယ်လည်း ကျနော်တို့ မဟုတ်ပါဘူး” လို့ ကလေးတွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ်  စုစုပေါင်း ရမန် ၇ ကြိမ် ရယူနိုင်တာဖြစ်ပြီး  ဒီကနေ့ ပဉ္စမမြောက် ရမန်ထက်ယူတာကို  ကန့်ကွက်ဖို့  ရှေ့နေက  ကြိုးပမ်းခဲ့တာပါ။ လက်ရှိမှာတော့  မြန်မာ လူငယ် ၂ ဦး ချုပ်နှောင်ခံထားရ တာ  ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ