Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

စင်္ကာပူမှာ နာမည်ပျက်နေတဲ့ဆိုင်



ဆိုင်ပိုင်ရှင် Jover Chew ဓာတ်ပုံကို  The New Paper ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
စင်္ကာပူမှာ ဈေးဝယ်ရင် နာမည်ပျက်တဲ့ဆိုင်တွေမှာ မဝယ်မိဖို့ လိုပါလိမ့်မယ်။လောလောဆယ် မီဒီယာမှာ
ရေးနေကြတဲ့ ဆိုင်တဆိုင်အကြောင်း ဖောက်သည်ချလိုက်ပါတယ်။

Sim Lim Square မှာ ရှိတဲ့ တယ်လီဖုန်းရောင်းတဲ့ဆိုင်ပါ။ ဆိုင်နာမည်က Mobile Air ဖြစ်ပါတယ်။

တရုတ်ပြည်က ကျောင်းသူတယောက်က အဲဒီဆိုင်မှာ iPhone 6 Plus ကို စင်္ကာပူဒေါ်လာ ၁,၆ဝဝ ပေးဝယ်ခဲ့ တယ်။ ပိုက်ဆံပေးလိုက်ပေမယ့် ဖုန်းက လက်ထဲ ရောက်မလာဘူး လို့ ဆိုတယ်။

ဆိုင်က အာမခံကြေး ၂,၄ဝဝ ထပ်တောင်းပါတယ် တဲ့။ ငြင်းခုန် ဈေးဆစ်အပြီးမှာ အာမခံကြေး  ၁,၄ဝဝ ဆို တာကို ပေးမှ ဖုန်းက လက်ထဲ ရောက်တယ်။ (ဆိုင်ရှင်က ၁,ဝဝဝ လျှော့ပေး)

ဝယ်တဲ့သူက သက်ဆိုင်ရာကို တိုင်တယ်။ ဆိုင်ရာက ၁,ဝ၁ဝ ပြန်လျော်ဖို့ အမိန့်ချပါတယ်။

ဒါနဲ့ … အဲဒီကျောင်းသူလည်း အဲဒီဆိုင် အကြိမ်ကြိမ်သွားပြီး ငွေပြန်တောင်းရာမှာ ငွေ တဝက် ပြန်ရပါတယ်။

သက်ဆိုင်ရာရဲ့အမိန့်စာ ပြတာတောင် အဲဒီလို အနိုင်ကျင့်ခံရခြင်းပါ။

တဝက် ပေးတယ် ဆိုရာမှာလည်း ဆိုင်က ငွေစက္ကူ မပေးဘဲ ငွေအကြွေစေ့တွေပဲ ပေးလိုက်တာပါ။ အဲဒီအကြွေစေ့ကို ကြမ်းပြင်ပေါ် ပစ်ချတယ်။


ဒီလိုဆက်ဆံရေးကြောင့် အမျိုးသမီးက ရဲကို တိုင်ပါတယ်။ ရဲရောက်လာတယ်၊ အကြွေစေ့ ရေတွက်တယ် ဆိုတဲ့ သတင်းကြောင့် လူတွေအုံလာ၊ သတင်းသမားတွေ ရောက်လာတဲ့အတွက် ရေတွက်ရလွယ်ကူတဲ့ ကိုင်တွယ်ရကျစ်လျစ်တဲ့ ငွေစက္ကူ ပေးတယ်လို့ ဆိုတယ်။

The New Paper မှာတော့ ဒီအကြောင်း ၂ ရက်ဆက် ထည့်ပါတယ်။

ဆိုင်ရှင်က အဲဒီ တရုတ်ပြည်က ကျောင်းသူက ပြောရဆိုရခက်တယ်၊ သူနဲ့သူ့ဝန်ထမ်းတွေက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းခဲ့ရတယ်လို့ပြောကြောင်း ရေးပါတယ်။

အကြွေစေ့ ဘာကြောင့် ကြမ်းပေါ် ပစ်ချသလဲ ဆိုတဲ့ မေးခွန်းကိုတော့ တိုက်ရိုက်မဖြေပါဘူး၊ အကြွေစေ့ မရ ချင်ရင် မယူနဲ့ပေါ့ လို့ပဲ ဆိုပါတယ်။

စင်္ကာပူမှာ အကြွေစေ့ အင်မတန် သုံးပါတယ်။အင်မတန်လည်း အကြွေစေ့ အသုံးတည့်တဲ့ နေရာတွေ ရှိပါတယ်။

သို့သော်လည်း ငွေပေးချေတဲ့အခါ ဆယ်ဂဏန်း ရာဂဏန်း ငွေပမာဏများများ ဆိုရင် ငွေစက္ကူ ပေးရမယ်၊
အကြွေစေ့နဲ့ပေးချေဖို့ ခွင့်မပြုပါဘူး လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ် တဲ့။ (ဒီဥပဒေကို ပြည်ပက လာတဲ့ ဧည့်သည်တွေ သိချင်မှ သိကြလိမ့်မယ်ဆိုပြီး စာဖတ်သူတယောက်က မှတ်ချက်ပေးပါတယ်)

ဥပဒေက အဲဒီလို သတ်မှတ်မထားရင်တောင်မှ ဆိုင်ရှင်က လူလို သိဖို့ လိုအပ်ပါလိမ့်မယ်။အခုက အတော်
လေးစော်ကားတဲ့ဖြစ်ရပ်ပါပဲ။

ဝယ်သူက အကြွေထုတ်ထမ်းလာပြီး ငွေချေရင် သူတို့ လက်ခံနိုင်မလား ဆိုတဲ့သဘော မှတ်ချက်ပေးတဲ့ စာဖတ်သူလည်း ရှိပါတယ်။

အဲဒီကုန်တိုက်မှာ ဒီလိုမျိုး ဆက်ဆံတဲ့ ဆိုင်တွေ အရေအတွက် ဘယ်လောက် ရှိမလဲ ဆိုပြီး မေးခွန်းထုတ် ထားသူလည်း ရှိပါတယ်။

အချိန်ရမယ်ဆိုရင် … စိတ်ချရတဲ့ဆိုင်မှာ ၀ယ်ဖို့ မိတ်ဆွေတွေဆီက စုံစမ်း၊ မိတ်ဆွေမရှိရင်လည်း အွန်လိုင်း မှာ ရှာဖွေဖတ်ရှု စုံစမ်းသင့်ပါတယ်။

ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဧည့်သည်ကို နှိပ်ကွပ်တဲ့ ဈေးဆိုင်ကြီးငယ်တွေ ရှိတတ်ကြောင်း ဒီဖြစ်ရပ်က သက်သေပြ
နေပါတယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ