Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

သမ္မတသိက္ခာ ထိခိုက်သည်ဟုစွပ်စွဲပြီး တရားစွဲဆိုခံရသော မြန်မာသံတော်ဆင့် ၀န်ထမ်းများ စတင် တရားရင်ဆိုင်

21 November 2014 11:15(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၁၇

နိုင်ငံတော်သမ္မတ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေး ထိခိုက်စေသည် ဟုဆိုကာ ပြန်ကြားရေး ၀န်ကြီးဌာနက တရားလို ပြုလုပ်၍ မြန်မာသံတော်ဆင့် အယ်ဒီတာချုပ် အပါအ၀င် ၁၁ ဦးကို တရားစွဲဆိုသော အမှု ပထမဆုံး ရုံးချိန်း အား နိုဝင်ဘာလ ၁၄ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး တရားသူကြီးက အပြစ် ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း တရားစွဲဆိုခံရသူ တစ်ဦးဖြစ်သည့် မြန်မာသံတော်ဆင့် ဒုတိယ အယ်ဒီတာချုပ် ဦးအံ့ခေါင်မင်း က ပြောကြားသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက မြန်မာသံတော်ဆင့် သတင်းဂျာနယ် ၌ ဖော်ပြခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLDဗဟို)မှ သုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင် သိမ်းနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပါဝင်သည့် ပြောကြား ချက်များနှင့် ပတ်သက်၍ မီဒီယာ ဥပဒေပုဒ်မ(၂၅)(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုံးချိန်းသို့ မြန်မာသံတော်ဆင့်မှ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်များ၊ အယ်ဒီတာ များနှင့် ဖြန့်ချိရေး ၀န်ထမ်း စုစုပေါင်း (၁၁)ဦးကို တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း အချို့မှာ ကျန်းမာရေး ပြဿနာများ ရှိသောကြောင့် (၆)ဦးသာ ရုံးချိန်း တက်ရောက်နိုင်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဌာနကမူ တရားလိုအဖြစ် ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ရုံးချိန်း တက်ရောက်လာသည်။

““ ကိုယ်ပိုင် ခံဝန်လုပ်ပြီးတော့ နောက်ရုံးချိန်း ပြန်ချိန်းတာပေါ့။ ၂၅ ရက်နေ့ချိန်းတယ်။ တရားသူကြီး ကတော့ ပြန်ကြားရေး ၀န်ကြီးဌာနက တရားလိုလုပ်ပြီး စွဲထားတာနဲ့ပတ်သက်ပြီး အပြစ်ရှိ၊ မရှိမေးတယ်။ ကျွန်တော်တို့ ကတော့ အပြစ်မရှိတဲ့အတွက် အပြစ်မရှိဘူးလို့ပဲ ဖြေကြား တာပေါ့။ အပြစ်မရှိတာနဲ့ ပတ်သက်ပြီး ဘယ်လို ထုချေချင်လဲ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဂျာနယ်မှာ ပြောကြား ခဲ့တဲ့ ဝေဖန် ပြောကြားချက်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုနိုင်ငံရေး သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဗဟိုအဆင့် တာဝန်ရှိသူ လူကြီးတစ်ဦး က နိုင်ငံတော်သမ္မတကို အများပြည်သူ အကျိုးစီးပွား အလို့ ငှာ ဝေဖန်ပြောကြားချက် ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အပြစ်မရှိ ပါဘူးလို့ တရားသူကြီးကို ထုချေခဲ့တာပါ””ဟု ဦးအံ့ခေါင်မင်းက မီဒီယာများသို့ ဖြေကြားသည်။

မြန်မာသံတော်ဆင့်အား တရားစွဲဆိုသော သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅(ခ)တွင် မည်သည့် သတင်းမီဒီယာ သမားမဆို ပုဒ်မ၉၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ် တစ်ရပ်ရပ်ဖြင့် ပြစ်မှု ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်း အထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သတင်းမီဒီယာ ဥပဒေပုဒ်မ (၉) ပုဒ်မခွဲ(ဃ)တွင် သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ မလျော်ကန်သော ပြုပြင် ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ(ခ)တွင် တစ်ပါးသူ ပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ(ဆ)တွင် အများပြည်သူ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသား ကို ဖော်ပြခြင်း မှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

မြန်မာသံတော်ဆင့်မှ နေပြည်တော် ပုဗ္ဗသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန် လာရောက်စဉ်အတွင်း ရဲအရာရှိ တစ်ဦးက မှတ်တမ်းများယူခြင်း၊ အာဏာပိုင်များဘက်မှ စောင့်ကြည့်ခြင်းတို့ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းအပေါ် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ““မြန်မာသံတော်ဆင့်ကို စွဲထားတဲ့ ပုဒ်မက သတင်းမီဒီယာ ပုဒ်မပေါ့နော်။ ကျွန်တော်တို့ စွဲခံထားရတဲ့ ပုဒ်မက ပုဒ်မ ၅၀၀ ပေါ့။ တကယ်တမ်း ကျတော့ ဒီပုဒ်မတွေက သက်ဆိုင်ရာ တရားရုံး အသီးသီးမှာ ပုံမှန်ရုံးချိန်းမှာ ပုံမှန်အတိုင်းပဲ သွားရမယ့် ကိစ္စရပ်တွေ။ အဲဒီလို မဟုတ်မခံ မီဒီယာတွေကို တရားစွဲခံရတဲ့ အခါကျမှ လုပ်တယ်ဆိုရင်တော့ ဘာကြောင့်လဲ။ မရိုးသားတာ လား မေးခွန်းထုတ်စရာ ဖြစ်တာပေါ့။ ဒါတော့ မဟုတ်ဘူး။ ဦးရဲထွဋ် ကိုယ်တိုင်လည်း ပြောနေတာပဲ။ တရားဥပဒေအရ ဆောင်ရွက် တယ်ဆိုရင် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြားသော အဲဒီပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေ တဲ့ တရားခွင်တွေမှာ အဲဒီလို လုပ်သလားလို့ ကျွန်တော် မေးခွန်း ထုတ်ချင်တယ်”” ဟု ဝေဖန်ပြောကြားသည်။

မြန်မာသံတော်ဆင့် ၀န်ထမ်းများအပေါ် စွဲဆိုထားသော အမှုအတွက် ဒုတိယအကြိမ်မြောက် ရုံးချိန်းကို နိုဝင်ဘာ ၂၅ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိ တရားရုံး၌ပင် ထပ်မံ စစ်ဆေးမည်ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ