Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

ကက်သလစ်(ခရစ်ယာန်)ဂျူဘီလီပွဲတော် ကျင်းပ

22 November 2014 07:20(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
ရန်ကုန် နိုဝင်ဘာ ၂၁

နှစ်(၅ဝဝ)ပြည့် ကက်သလစ် (ခရစ်ယာန်) သာသနာ ဂျူဘီလီပွဲတော် ကို ရန်ကုန်မြို့ စိန်မေရီကာ သီဒြယ်သလစ်ဘုရားရှိခိုးကျောင်း၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

''ပွဲကျင်းပရခြင်းကတော့ ပထမဦး ဆုံးအနေနဲ့ မြန်မာပြည်မှာ ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ ရှေးရိုး သာသနာတော်ပြုတွေကို ပြန်ပြီးတော့ ဂုဏ်ပြုတာပါ။ ပြီးတော့ ဘုရားရှင်ကို ပြန်ပြီးတော့ ကျေးဇူးတင်တာပါ။ ဒီနှစ် ၅ဝဝ လုံးလုံး ကျွန်တော်တို့ကို သာသနာ မျိုးစေ့ချထားပေးခဲ့တဲ့အတွက် ပြန်ပြီးတော့ ကျေးဇူးတင်တယ်။ ကက်သလစ်အသင်းတော်က နိုင်ငံတော်နဲ့ ပေါင်းပြီးတော့ နိုင်ငံတော်တည် ဆောက်တဲ့နေရာမှာ အမြဲတမ်း တစု တပေါင်းတည်း စိတ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးက စည်းလုံးညီညွတ်ခြင်းနဲ့ နေထိုင်ကြ တဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များဖြစ်ကြတယ်။ ဒီထဲမှာ လူမျိုးခွဲခြား တာမရှိဘူး၊ အဆင့်အတန်းခွဲခြားတာ မရှိဘူး၊ အားလုံးက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့မိသားစု နိုင်ငံတော်တစ်ခု ဖြစ်တယ်ဆိုတာကို ဘုရားကိုသက်သေပြရင်းနဲ့ ကိုယ့်ရဲ့ညီအကိုမောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းကို တည်ဆောက်နိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက် လေးဖြစ်ပါတယ်။ ရဟန်းမင်းကြီးကိုယ်တိုင် မကြွလာနိုင်ပေမယ့် အထူးကိုယ်စားလှယ်တော် သူ့ရဲ့ နာမတော် နဲ့ကြွလာတဲ့အတွက် ရဟန်းမင်းကြီးကိုယ်တိုင်ကြွလာသလို အားလုံးကပျော်ကြတယ်။ အားလုံးကလက်ခံကြတယ်။ သူ့ကိုနှုတ်ဆက်ချင်ကြပြီး သူ့ရဲ့ကောင်းချီးကိုခံချင်ကြတယ်။ နိုင်ငံတော်က ဒီပွဲကျင်းပတာကစ ပိတ်ပွဲအထိ အားလုံးကို လှိုက်လှိုက်လှဲလှဲခွင့်ပြုကူညီပေးပါတယ်။ ပွဲတော်ရက်ကြီး ၂၃ ရက် သုဝဏ္ဏကွင်းမှာလုပ်မှာဆိုရင် သာသနာရေးဝန်ကြီးနဲ့ပြန်ကြားရေး ဝန်ကြီးတို့တက်ရောက်လာဖို့ရှိပါတယ်။ ဒီပွဲကို ကျင်းပခွင့်ရတဲ့အတွက် ဘုန်းတော် ကြီးတစ်ပါးအနေနှင့် အရမ်းပျော်ပါတယ်။ ကိုယ့်ညီအစ်ကို မောင်နှမတွေနဲ့လည်း စည်းစည်းလုံးလုံးတွေ့ခွင့်ရတယ်။ အရမ်းလဲဂုဏ်ယူမိပါတယ်''ဟု ဖာသာလီယိုမာ ကက်သလစ်လူမှုဆက်သွယ်ရေးတာဝန်ခံ ကပြောသည်။

''မြန်မာပြည်မှာ ခရစ်ယာန်ဘာသာနဲ့ အမှတ်လက္ခဏာများကို သက္ကရာဇ် ၁၂၈၇ မှာ တရုတ်တရက် တပ်မတော် စစ်သားများ မြန်မာပြည်သို့ချဉ်းနင်းတိုက်ခိုက်ကြချိန် ပုဂံမြို့ ကျန်စစ်သားမင်းတည်ဆောက်ခဲ့တဲ့ အာနန္ဒာစေတီအတွင်း အုတ်နံရိုးပေါ် ပဒုမ္မာကြာပွင့်ရဲ့ ပွင့်ရွက်တွေပေါ်မှာ လာတင်းခရုစူး လေးခု၊ ဂရိတ်ခရုစူး လေးခု၊ ကြာပွင့်ဗဟိုမှာ လာတင်းခရုစူးတစ်ခုတို့ကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အခုလိုပထမဆုံးအချိန် သာသနာနှစ် ၅ဝဝ ပြည့်တဲ့ အချိန်မှာ ဒီပွဲကိုကျင်းပခဲ့တာပါ။ ဒီပွဲကို ကျွန်တော်တို့ ကြုံလာတဲ့အတွက်ကြောင့် အရင်တုန်းက သာသနာပြုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ကနေပြီးတော့ သူတို့ရဲ့မှတ်တမ်းလေးတွေကို ပြန်ယူပြီး မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်တွေအားလုံးလည်းသိရအောင်၊ တခြားဘယ်သူပဲဖြစ်ဖြစ် ဗဟုသုတရအောင် ဒီပြခန်းကို ဖွင့်လှစ်ထားထာပါ'' ဟု ပြပွဲတာဝန်ခံ ဖာသာဘန်းနတစ်ဌေးလွင်ကပြောသည်။

''အန်တီကတော့ အရမ်းပျော်တာပေါ့။ ဘာလို့လဲဆိုတော့ နှစ် ၅ဝဝ ဆိုတဲ့အချိန်က နောက်တစ်ခါ နှစ် ၅ဝ မပြောနဲ့ ၂၅ နှစ်တောင် အန်တီအသက်အရွယ်နဲ့မမီတော့ပါဘူး။ ဒါပေမယ့် အခုလိုပေါ့၊ ကိုယ့်ရဲ့ချစ်လှတဲ့ ညီအစ်ကို မောင်နှမတွေမြေပြန့်တောင်ပေါ်အကုန်လုံးနဲ့ဆုံရတာ အရမ်းဝမ်းသာပါတယ်'' ဟု ခရစ္စတီးနား ဒေါ်မီမီခင်က ပြောသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ