ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

လိုင်ဇာဌာနချုပ်အနီးရှိ လက်နက်ကြီးများ ဖယ်ရှားပေးရန်ကေအိုင်အို တောင်းဆို

20 November 2014 20:45(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
လိုင်ဇာဗဟိုဌာနချုပ် အနီး ခရာဘွမ်တောင်ကြော တလျှောက်က လက်နက်ကြီးတွေ ဖယ်ရှားပေးဖို့နဲ့ စစ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က အစိုးရကို တောင်းဆို လိုက်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမွေ့အောင်မြင်ဖို့ အတွက် အခုလို ဖယ်ရှားပေးဖို့ တောင်းဆိုတာလို့ နိုဝင်ဘာ ၂၀ ရက် ကေအိုင်အို ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မနေ့က ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းက ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တဲ့နောက် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)မှ ဗိုလ်သင်တန်းတက်နေတဲ့ ရဲဘော် ဟိန်းထက်နဲ့ ရဲဘော် သက်ဇော် ကျဆုံးသွားတယ်လို့ ကျောင်းသားတပ်မတော်က ထုတ်ပြန်ထားပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ ယုံကြည်မှုအပေါ်မှာ အများကြီးမူတည်နေသလို ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ ဒီတိုက်ခိုက်မှုဟာ ၂ ဖက်ယုံကြည်မှုကို ပျက်ယွင်းသွား စေတယ်လို့ ပြောပါတယ်။

“ဒီကိစ္စဟာ ငြိမ်းချမ်းရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားရှိတယ်၊ အားလုံးရဲ့ကြိုးပမ်းဆောင်ရွက်မှုကို လှစ်လျူရှုတဲ့သဘော ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်၊ အဲလိုမျိုးယူဆလိုက်ရင် သံသယစိတ်တွေ ကြီးထွားလာတာနဲ့ အတူ အဆိုးသံသရာက ပိုပြီးဆိုးသွားလိမ့်မယ်” လို့ ရဲဘော်သံခဲက ပြောပါတယ်။

ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူတွေက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်သလို တာဝန်ယူဖြေရှင်းဆောင်ရွက်တာကို ကြားရမယ်လို့ ထင်မြင်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးစုကောင်စီက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အတိုင်းအစောင်း ဖြစ်စေတဲ့ နှောင့်နှေးကြောင့်ကြာ လမ်းလွဲစေတဲ့ ဖြစ်ရပ်တွေကို ဆန့်ကျင်တဲ့ အကြောင်း ထုတ်ပြန်ပါတယ်။

လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မယ်ဆိုတဲ့ ပြောဆိုချက်နဲ့ တိုက်ဆိုင်နေတဲ့အတွက် စစ်ရေးနဲ့ နိုင်ငံရေး ပူးပေါင်း လုပ်ဆောင်မှု တခု ဖြစ်တယ်လို့ ပြောပါတယ်။

ကေအိုင်အိုကတော့ ဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ဗဟိုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လတ်မှတ်ထိုးဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကေအိုင်အေ တပ်စခန်းတွေကို အကြောင်းမဲ့ ပစ်ခတ်တာ၊ ချုံခိုတိုက်ခိုက်တာနဲ့ စခန်းသိမ်းတိုက်ပွဲတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


ဓာတ်ပုံ – Jade Land Kachin


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ