Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

KIO ဌာနချုပ် သေဆုံးသူတွေထဲမှာ ABSDF အဖွဲ့က၂ ယောက်ပါဝင်

20 November 2014 20:32(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ကေအိုင်အို ဌာနချုပ် အနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို အစိုးရတပ်က မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ် လို့ ကေအိုင်အို ဗိုလ်လောင်း ၂၀ ကျော်သေဆုံးသွားခဲ့ရာမှာ၊ အဲ့ဒီမှာ သင်တန်းတက်နေတဲ့ ABSDF မြောက် ပိုင်းကျောင်းသား တပ်မတော်အဖွဲ့ က ၂ ယောက်လည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

မနေ့နေ့လည်ပိုင်းက လိုင်ဇာမြို့အရှေ့ဖက် ကေအိုင်အို ဗိုလ်လောင်း သင်တန်းကျောင်း ကို စကခ ၃ လက်အောက် ခံတပ်တွေ နေရာယူထားတဲ့ ခါယာတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ သင်တန်း စစ်ရေးပြချိန်အတွင်း ပစ်ခတ်တာကြောင့် ၂၂ ဦး သေဆုံးပြီး၊ ၁၅ ဦးဒဏ်ရာ ရကြောင်း၊ သေဆုံးသူတွေ ထဲမှာ ကေအိုင်အို နယ်မြေမှာ အခြေစိုက်ထားတဲ့ ABSDF မြောက်ပိုင်း ကျောင်းသား တပ်မတော် အဖွဲ့က ဗိုလ်လောင်း သင်တန်းတက်နေတဲ့သူ၂ ယောက်လည်း ပါသွားကြောင်း မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်း က ပြောပါတယ်။

"ကျွန်တော်တို့ ဆီက ၂ ယောက်ပါသွားတယ်၊ စစ်ရေးပြနေတဲ့ အချိန်မှာ လာကျတာဆိုတော့ လူကတော့ ထိတာပေါ့၊ အခုတော့ အဲ့မှာ စကခ ၃ လက်အောက်ခံ တပ်တွေ နေရာယူထားတယ် "

ဒဏ်ရာရရှိသူ ၁၅ ဦးကို လိုင်ဇာ ဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။KIA ပြောခွင့်ရသူဦးလနန်း ကလည်း ဒီတိုက်ခိုက်မှုဟာ တစ်ကြိမ်တည်းနဲ့ ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်တယ်လို့ AFP သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ကဒီသတင်း အစိုးရဆီကို ပို့ထားကြောင်း၊ ဒီလို တိုက်ပွဲတွေ အရှိန်လျှော့အောင် ကြိုးပမ်းနေကြောင်း ပြော ဆိုတယ်လို့ အခုအချိန်ဟာ အစိုးရအနေနဲ့ ကေအိုင်အို အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးနေချိန်လည်း ဖြစ်ပါ တယ်။ အစိုးရတပ်နဲ့ KIA အကြား အပစ် အခတ်တွေ ငြိမ်သက်နေ ရာက ဒီရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ ပြန် ကြားလာ ခဲ့ရပြီး၊ မန်စီ နဲ့ ဟိုပင် မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ KIO ဟာ ၁၉၉၄ ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ ရာမှာ သုံးနှစ်ကျော်အတွင်း ကချင် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် ရှိခဲ့ပါတယ်။


ဓါတ်ပုံ - Jade Land Kachin


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ