
ဖြစ်စဉ်မှာ ခွန်တန် ညမီးကြီးမီးပုံးပျံအား လွှတ်တင်စဉ် ပေ(၂၀၀)ခန့် အရောက်၌ မီးပုံးပျံမှာ ကွင်းအတွင်းသို့ ပျက်ကျမီးလောင်သွားရာမှ လာရောက်ကြည့်ရှုသူများအနက် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၄)ဦးရှိရာ ရွှေညောင်အပါအ၀င် တောင်ကြီးဒေသခံ (၁၂)ဦး နှင့် ရန်ကုန်ဇာတိ(၂)ဦး ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများအနက် (၅)ဦး စိုးရိမ်ရကြောင်း သိရသည်။
တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကိုကို ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် (၃၇)ဦးတို့မှ သွားရောက်၍ မီးငြှိမ်းသတ်ယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ရပြီး ဒဏ်ရာရရှိသူများ အနေဖြင့် ဦးခွန်လှစိန်(တောင်ကြီး)၊(စိုးရိမ်ရ)၊ မခင်မြတ်သူ(တောင်ကြီး)(စိုးရိမ်ရ)၊ မောင်အောင်ကိုလတ်(တောင်ကြီး)(စိုးရိမ်ရ)၊ ဒေါ်ထူးထူးနွယ်(တောင်ကြီး)(စိုးရိမ်ရ)၊ ရွှေလီ(တောင်ကြီး)စိုးရိမ်ရ၊ မောင်ကျော်ခန့်ကိုကို (ရွှေညောင်)(မစိုးရိမ်ရ)၊ မောင်အိုက်ထွန်း(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်သိန်းဦး(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်ဗွေစ(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်သီဟန်(တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်နွယ်နွယ်အေး (တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်လဲ့လဲ့ဝင်း (ရန်ကုန်)(မစိုးရိမ်ရ)၊ မောင်ကျော်စိုးဦး (ရန်ကုန်)(မစိုးရိမ်ရ)၊ နှင့် မောင်အောင်ပြည့်စုံအောင် (တောင်ကြီး)(မစိုးရိမ်ရ)တို့ ဖြစ်ကြောင်း တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ ထို့အတူ မတော်တဆ မီးပုံးပျံမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူများတွင် အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၅)ဦးပါဝင်ကြောင်း သိရသည်။
ယခု ၂၀၁၄ခုနှစ်တွင် ကျင်းပပြုလုပ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (UNESCO)မှ အသိအမှတ်ပြုသည့် နိုင်ငံတကာပွဲတော်အဖြစ် စာရင်းတင်သွင်းနိုင်ရန်အတွက် လျာထားကြောင်းလည်း သိရှိရသည်။
မီးပုံးပျံလောင်ကျမှုကြောင့် လူ(၁၄)ဦးဒဏ်ရာရရှိပြီး(၅)ဦးစိုးရိမ်ရ
No comments:
Post a Comment