သူတို့ဆီက ချိန်ကိုက်ဗုံ (၄) လုံး၊ ရိုးရိုး စနက်တံ ၄၉ ခု၊ လျှပ်စစ်နဲ့ ဆက်စပ်အသုံးပြု စနက်တံ ၂၆ ခု၊ ဗုံးလုပ်ရာတွင် အသုံးပြုသော ကော်ရည် ၁၀ Kg (ကေစီ) ၊ ၅၅ ဂျီဟဒ်ဒိ စာအုပ်တွေ အပါအ၀င် လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများအပြားနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို ခရိုင်မြို့ ဆီရဂင် (Sirajganj)က ချာဟီ မန်ဇာ အာလီ ရထားဘူတာရုံမှာ ဒက္ကားမြို့မှာ မတည်မငြိမ် ဖြစ်အာင် လုပ်ဖို့ အသွားမှာ သောကြာနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်မှာ ဖမ်းဆီးမိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူက တစ်နိုင်ငံလုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်။ အထူးသဖြင့် မြို့တော် ဒက္ကားမှာ ဖြစ်တယ်လို့ ဖွင့်ဟ ၀န်ခံတယ်လို့ သက်ဆိုင်ရာက ပြောကြောင်း ဘင်္ဂလာဒေခ်ျ့က BSS သတင်းမှာ ဖေါ်ပြပါတယ်။
သူတို့ကိုတော့ အခုအခါ အဲဒီခရိုင်မြို့က ထောင်ကို လွဲပြောင်းထားလိုက်တယ်လို့ BSS သတင်းဌာက ပြောပါတယ်။
No comments:
Post a Comment