
အမည်အပြည့်အစုံ – ဖရက်ဒရစ် အူမာရ် ကနူးတေး (Frédéric Oumar Kanouté)
မွေးသက္ကရာဇ် – ၂၊ ၉၊ ၁၉၇၇
ကစားသည့်နေရာ – တိုက်စစ်မှူး
လက်ရှိကလပ် – Beijing Guoan
နိုင်ငံ – မာလီ
ဖရက်ဒရစ် အူမာရ် ကနူးတေးကို ပြစ်သစ်နိုင်ငံ အရှေ့ပိုင်း Sainte-Foy-lès-Lyon မြို့တွင် ၁၉၇၇ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့၌ ပြင်သစ်မိခင်နှင့် မာလီဖခင်တို့မှ မွေးဖွားခဲ့သည်။ မာလီလက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ကာ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဦးဆုံး ရရှိခဲ့သည့် အာဖရိကတိုက် ပြင်ပတွင်မွေးဖွားသော ကစားသမားဖြစ်သည်။

လိုင်ယွန်
သူ၏ ဘောလုံးစွမ်းရည်ကို ပြင်သစ်ကလပ် လိုင်ယွန် အသင်းမှ တွေ့ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကနူးတေးအား စာချုပ်ချုပ်ဆိုခဲ့သည်။ လိုင်ယွန်အသင်းတွင် ၅၈ ပွဲကစားပြီး ၉ ဂိုးသွင်းယူပေးခဲ့သည်။
ဝက်စ်ဟမ်းနှင့် တော့တင်ဟမ်
၂၀၀၀ ပြည့်နှစ်တွင် အင်္ဂလန်ကလပ် ၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၀က်စ်ဟမ်းအသင်းအတွက် ၈၄ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူပေးခဲ့သည်။ ၀က်စ်ဟမ်းအသင်းတွင် ပြသသည့် သူ၏ ခြေစွမ်းကြောင့် ချီးကျူးခြင်းခံခဲ့ရသည်။ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် အကုန်တွင် ကနူးတေးမှာ တော့တင်ဟမ်ဟော့ စပါးအသင်းသို့ ထပ်မံ ပြောင်းရွှေ့ခဲ့သည်။ အသင်းသို့ရောက်စတွင် ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။ တော့တင်ဟမ်အသင်းနှင့် ဘောလုံးရာသီ နှစ်ရာသီတွင် ပွဲ ပေါင်း ၆၀ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးခဲ့သည်။

ဆီဗီလား

နိုင်ငံလက်ရွေးစင် ကစားသမားဘဝ

၂၀၀၇ ခုနှစ် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် တိုဂိုးအသင်းအား အနိုင်ရရှိပြီးနောက် ကနူးတေးမှာ အသင်းဖော် Mamady Sidibe နှင့်အတူ တိုဂို ပရိတ်သတ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံးဘောလုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၀ အာဖရိကနိုင်ငံများ ဖလား ဘောလုံးပြိုင်တွင် မာလီအသင်း ပြိုင်ပွဲမှထွက်ခဲ့ရပြီးနောက် ကနူးတေးသည် လက်ရွေးစင်ကစားသမား ဘ၀မှ အနားယူကြောင်း ကြေညာခဲ့သည်။ မာလီအသင်းအတွက် ၃၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူပေးခဲ့သည်။
အောင်မြင်မှုများ

ဆီဗီလား
ယူအီးအက်ဖ်အေဖလား (၂) ကြိမ် (၂၀၀၆၊ ၂၀၀၇)
စပိန်ဘုရင့်ဖလား (၂)ကြိမ် (၂၀၀၇၊ ၂၀၁၀)
ယူအီးအက်ဖ်အေ စူပါဖလား (၂၀၀၆)
စပိန်စူပါဖလား (၂၀၀၇)
တစ်ဦးချင်း
အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု (၂၀၀၇)
No comments:
Post a Comment