Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် တင်သွင်း

20 November 2014 21:49(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
မြန်မာပြည်ရဲ့ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီက တင်သွင်း လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက တင်သွင်းလိုက်တာ ဖြစ်ပြီး၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ လွှတ်တော်အဆင့်မှာတင် ပြင်ဆင်လို့ရတဲ့အပိုင်းနဲ့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲလုပ်ပြီးမှ ပြင်ဆင်လို့ရတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ ဆန္ဒခံယူပွဲ လုပ်ပြီးမှပြင်ရင် အဆင်သင့်ဖြစ်အောင် အခုဥပဒေကြမ်းကိုတင်တာလို့ ဦးစောလှထွန်းက ပြောပါတယ်။

“လောလောဆယ် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးနေကြတယ်လေ။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ပုဒ်မ ၄၃၆(ခ)အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မှာပေါ့။ အဲ့ဒီလို လုပ်ပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ဖို့ ကော်မရှင်တွေဖွဲ့ရမယ်။ မဲဆန္ဒတွေ ယူရမယ်။ ဒါတွေ ဘယ်လို ကျင်းပပြုလုပ် မယ်ဆိုတာကို ဥပဒေပြဌာန်းဖို့ တင်တာပါ။”

ဒီဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်မှာဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။

parliment 1 ရန်ကုန်က တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီက မြန်မာပြည်မှာ အရင်က ကျင်းပခဲ့ဖူးတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေမှာ ဥပဒေနဲ့ ကျင်းပပြုလုပ်ခဲ့တာမဟုတ်ဘဲ ကော်မရှင်ဖွဲ့ပြီး လုပ်ခဲ့တာလို့ ပြောပါတယ်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်တာ ၂ ကြိမ် ရှိခဲ့ဖူးတယ်။ ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတာ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ်။ မဲရုံမှာ မဲပေးကြမယ်ဆိုပြီး မဲပုံး ထောင်ခိုင်းပြီး မဲပေးတာပါ။ အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့လည်း ကော်မရှင်ဖွဲ့ပြီးတော့ ကော်မရှင်ကနေ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုချလိုက်တာပဲ။ လူထုဆန္ဒခံယူခြင်းဆိုင်ရာဥပဒေဆိုတာ မရှိခဲ့ဖူးဘူး။ အခု ဒီဟာကတော့ နဲနဲထူးဆန်းတယ်။ သူတို့ စနစ်တကျလုပ်ချင်လို့ တင်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ရေးထားတဲ့စာသားတွေ မကြည့်ရသေးတဲ့ အခါကျတော့ စာသားအပေါ် ထင်မြင်ချက်ပေးလို့တော့ မရဘူးပေါ့။”

လတ်တလောကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပြီး နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လွှတ်တော်နာယက သူရဦးရွှေမန်းက နောင်နှစ် မေလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ဖို့ရှိတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ပြောထားပြီး ရက်ပိုင်း အတွင်း ဒီဥပဒေကြမ်း တင်သွင်းလာတာလည်း ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ