Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ပါကစ္စတန်နယ်စပ် ဗုံးပေါက်ကွဲမှု လူ ၅၀ ကျော်သေဆုံး

3 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ပါကစ္စတန်နဲ့ အိန္ဒိယ နယ်စပ် ဖြတ်ကျော် ကူးလမ်း ဖြစ်တဲ့ ဝါဂါဂိတ် အနီးမှာ အသေခံ ဗုံးဖောက်ခွဲ မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံး ခဲ့ပါတယ်။

အနည်းဆုံး နောက်ထပ် လူပေါင်း ၁၀ဝ ကျော် ဒဏ်ရာရ ထားပါတယ်။ ဒဏ်ရာရ ထားသူတွေထဲမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက် အန္တရာယ် စိုးရိမ်ရသူတွေလည်း အများအပြားပါဝင်တဲ့ အတွက်သေဆုံးသူ ဦးရေဟာ တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဝါဂါဂိတ်ဟာ တခုတည်းသောနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းဖြစ်ပါတယ်။

ဒီလမ်းကြောင်းကို ဖြတ်ကျော်ပြီး ကုန်ကားတွေ နေ့စဉ်လိုလို သွားလာနေကြပါတယ်။ ကုန်တင်ကုန်ချလုပ်ငန်းတွေနဲ့ အမြဲလိုလို စည်ကားနေတဲ့ နေရာဖြစ်ပါတယ်။

မနေ့က တနဂင်္နွေနေ့မှာတော့ နယ်စပ်မှာ စစ်ရေးပြချီတက်ပွဲရှိတဲ့အတွက် လူအများအပြားလာရောက် ကြည့်ရှုကြလို့ ခါတိုင်းထက်တောင် ပိုစည်ကားချိန်လည်း ဖြစ်ပါတယ်။ အခန်းအနားပြီးကာစ အချိန်လောက်မှာ အသေခံတိုက်ခိုက်သူဟာ စားသောက်ဆိုင်တဆိုင်အနားကို ချဉ်းကပ်လာပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ထောက်လှမ်းရေးရုံးထဲမှာ ထိုင်နေသူတဦးကတော့ ပေါက်ကွဲမှုကို ကိုယ်တိုင် မြင်လိုက်ရပါတယ်။

ပေါက်ကွဲသံထွက်ပေါ်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လွင့်စဉ်လာတာတွေ ဒဏ်ရာရတဲ့လူတွေ မိန်းမနဲ့ ကလေးတွေ ကြေမွ ပျက်စီးနေတဲ့ ကားတွေကို သူတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်သွေးကြွအုပ်စု ၃ ခုက သူတို့လုပ်တာပါလို့ ပြောနေကြပါတယ်။ ရုရှားအုပ်စုတစုက သူတို့ လုပ်တာပါလို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဂျင်ဒဲလာ အဖွဲ့ကလည်း သူတို့လုပ်တာပါလို့ ပြောနေပါတယ်။

ဂျင်ဒဲလာ အုပ်စုဟာ ခရစ်ယာန်တွေ ၊ နိုင်ငံခြား ခရီးသည်တွေကို ခဏခဏ ဗုံးဖောက်ခွဲလုပ်ကြံမှုတွေလုပ်ခဲ့ဖူးသလို၊ ပါကစ္စတန်မြောက်ပိုင်းမှာ စစ်ဘက်အရာရှိတွေကို လုပ်ကြံဗုံးခွဲမှုတွေလည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။

နောက်တဖွဲ့ကတော့ပါကစ္စတန် တာလီဘန် အဖွဲ့ဖြစ်ပါတယ်။ သူတို့ကလည်း သူတို့လုပ်ပါတယ်လို့ ပြောနေပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ ခုချိန်ထိတော့ အတိအကျ မပြောနိုင်သေးပါဘူး။

ပါကစ္စတန် တာလီဘန် အဖွဲ့ဟာ မတ်လတုန်းက ပါကစ္စတန် အစိုးရနဲ့ တလအကြာ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ တလကြာအပစ်အခတ်ရပ်စဲကာလ ကုန်ဆုံးပြီးနောက်မှာ တော့ အစိုးရက အပစ်အခတ်ရပ်စဲ သက်တမ်းကို ထပ်မတိုးတော့ဘဲ တာလီဘန်တို့ရဲ့ အချက်အချာနေရာ ဖြစ်တဲ့ ဝါဇီရဇ္ဇတန်မြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံဟာလည်း ကက်ရှ်မီးယား အရေးကို အကြောင်းပြုပြီး သုံးကြိမ်တိုင်တိုင် စစ်ပွဲကြီး ဆင်နွှဲခဲ့ကြဖူးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။


ပါကစ္စတန် အသေခံဗုံးခွဲမှုကြောင့် လူအများ ဒဏ်ရာရ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ