Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး အိုဘားမား တိုက်တွန်း

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင် ၁၄ ဦးရဲ့ မနေ့က ဆွေးနွေးပွဲမတိုင်ခင် လေး ငါး နာရီအလိုမှာ အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြောဆိုခဲ့ရာမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်အောင်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိအောင် အချိန်တိုအတွင်း အစွမ်းကုန်ကြိုးစားဖို့ တိုက်တွန်းခဲ့သလို၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ လူမှုရေး၊ နိုင်ငံရေးအခွင့်အလမ်းတွေ ပိုမိုတိုးတက်မှုရှိလာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်က ဖေါ်ပြပါတယ်။

ဒါ့ပြင် အာဆီယံညီလာခံတက်ရောက်ဖို့ လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့ရာမှာ လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းတွေ၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေ ဆွေးနွေးခဲ့သလို၊ အမေရိကန်သမ္မတက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုထွန်းကားလာအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေအပေါ် အသိအမှတ်ပြုကြောင်း၊ ပိုမိုလွတ်လပ်ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာအောင် အမေရိကန်ပြည်ထောင်စုက ဆက်လက်အာေးပးကူညီသွားမယ်လို့ ကတိပြုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ