3 November 2014 16:46(+0630)
(လွန်ခဲ့သော 2 နာရီ ခန့်က)
၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း
နံပါတ် ၁မှာ မြန်မာ နိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား
လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က ရွေးချယ် လိုက်ပါတယ်။
ပုဂံရဲ့ နေထွက်တာဟာ အိမ်မက် ဆန်သလို ဒီလို နေထွက်လာတာကို ဘုရားပေါ်ကနေ
တက်ကြည့်မယ်ဆိုရင် အမှောင်လွှမ်းနေတဲ့ မြေပြင်ဟာ ရွှေရောင် တောက်ပတဲ့ ရှုခင်း
အသွင်ပြောင်းသွားတာကို မြင်ရမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါကိုမြင်ရတာဟာ တကယ့်ကို မယုံနိုင်စရာဖြစ်သလို ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ရေးပါတယ်။
ပုဂံကို သွားဖို့ အကောင်းဆုံး အချိန်ကတော့ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယနေရာမှာတော့ နော်ဝေနိုင်ငံ ထရော်တိုဒါစကေကေးဒါနဲ့ တတိယနေရာကိုတော့ အမေရိကန် ပြည်ထောင်စုက နယူးယောက်မြို့ကို ရွေးချယ်ခဲ့ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment