ဘင်္ဂလာဒေခ်ျ့သတင်းဌာန တစ်ခုဖြစ်သော Bangla News 24 မှ သတင်းဖေါ်ပြ ရာတွင်ကယ်တင်ခဲ့ရသူ ၆၂၃ ဦထဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၄၉၄ ဦး ပါဝင်သည်ဟု ဖေါ်ပြသည်။
ယင်းအထဲမှ လူပေါင်း ၉၈ ဦးကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခို မှုဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ အရာရှိ တစ်ဦးဖြစ်သူ မဟာရ်ဘူလ်ရော်ဟာမန်က တရားလိုလုပ်ပြီး စစ်တကောင်းမြို့ ပေါ်တင်္ကာ ရဲစခန်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က က တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။
လူဦးရေ ၁၆၅ သန်းရှိ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နိုင်ငံသားအများအပြားသည် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ လစာနည်းပါးမှု၊ ဆင်းရဲမွဲတဲမှုတို့ကြောင်း ပွင့်လင်းရာသီတွင် တရားမ၀င် လှေများဖြင့် မလေးရှားသို့ ထွက်ခွာ လေ့ရှိကြသည်။
ထိုသို့ ထွက်ခွာနေကြသူများကို ပြည်ပ လူ့အခွင့်အရေး လူပ်ရှားသူများနှင့် မီဒီယာအချို့မှ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း၊ သူတို့မှာ ရခိုင်လူမျိုးများနှင့် အစိုးရမှ နှိပ်စက်၍ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း မဟုတ်မမှန် သတင်းလွှင့်ကာ နိုင်ငံတကာမှ ရိုဟင်ဂျာ အရေးကို ပိုမိုအာရုံစူးစိုက်ရန် လုပ်ဆောင်နေကြသည်ဟု သိရသည်။
လွန်ခဲ့သော အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံတွင် ဖမ်းမိသူ ၁၃၄ ဦးတွင် ၁၆ ဦးသာ မြန်မာနိုင်ငံက လူများ ဖြစ်ပြီး ကျန် ၁၁၈ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့သူ ဘန်ကောက် ဘင်္ဂလာဒေခ်ျ့ကောင်စစ်ဝန်ရုံးမှာ ကောင်စစ်ဝန် Ehteshamul Haque က ပြောကြောင်း ဒက္ကားထုတ် The Daily Star သတင်းစာတွင် အောက်တိုဘာလ ၁၉ ရက်နေ့က ဖေါ်ပြထားသည်။
၎င်းပြင် ဘန်ကောက်ရှိ ကောင်စစ်ဝန်ရုံးက ယခုနှစ် တခုတည်းအတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၇၀၀ ကို လူကုန်ကူးသူများ လက်ထဲမှ ကယ်တင်ခဲ့ရပြီး လူပေါင်း ၃၀၀ ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံကို ပြန်ပို့ခဲ့သည်ဟု ဆိုသည်။ ကျန်လူများကိုလည်း ပြန်ပို့ရန် စီစဉ်နေကြောင်း The Daily star သတင်းစာက ဖေါ်ပြသည်။
ထိုင်းနိုင်ငံထောင်အသီးသီးတွင် ဖမ်းဆီးခံနေရသော မိမိကိုယ်ကို ဘင်္ဂလာဒေခ်ျ့နိုင်ငံသားဟု ခံယူထားသူ လူပေါင်း ၂၅၃ ကို ယခုအခါ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပြည်ထဲရေး ၀န်ကြီးမှ သူ့နိုင်ငံသား ဟုတ်/ မဟုတ်ကို စစ်ဆေးနေသည်ဟု ဆိုသည်။
ထိုအထဲမှ ၂၁၃ ဦးကို စစ်ဆေးရာတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား မဟုတ်သူ ၆ ဦးမှ ၇ ဦးသာ ပါဝင်ပြီး ကျန်လူများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်မှ ပြောကြောင်း The Daily Star တွင် ဖေါ်ပြထားသည်။
![]() |
| ထိုင်းနိုင်ငံမှ လူကုန်ကူးသူများကိုယ်တိုင် ယခုလို ထိုင်းငါးဖမ်းဘုတ်ကြီးများဖြင့် မလေးရှားကို ပို့ဆောင်နေ။ |




































No comments:
Post a Comment