Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

Virgin အာကာသခရီးသွားယာဉ်ပျက်ကျမှု စတင်စုံစမ်း

အာကာသ အပျော် လေ့လာရေး ခရီးထွက်မယ့် ဒုံးပျံယာဉ်တစ်စင်း အမေရိကန် ပြည်ထောင်စု California ပြည်နယ်ထဲမှာ အစမ်းပျံသန်းစဉ် ပေါက်ကွဲ သွားခဲ့ ပြီးနောက် ဘာကြောင့် ပေါက်ကွဲ သွားခဲ့ သလဲဆိုတာကို အမေရိကန်စုံစမ်း စစ်ဆေးသူတွေ စတင် စုံစမ်းနေကြ ပါတယ်။

သောကြာနေ့က ဒုံးပျံယာဉ် ပေါက်ကွဲမှုကြောင့် လေယာဉ်မှူးတယောက် သေဆုံးသွားခဲ့ပြီး နောက်တယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရ သွားခဲ့ပါတယ်။ အာကာသထဲ အပျော်လေ့လာရေးခရီး ထွက်နိုင်ကြဖို့ စမ်းသပ်ပြင်ဆင်နေတဲ့ Virgin Galactic ကုမ္ပဏီရဲ့ ဒုံးပျံယာဉ် အစမ်းခရီးစဉ်အတွက် ပျံတက်ပြီးမကြာခင်မှာပဲ မိုဟာဗိ (Mojave) သဲကန္တရထဲမှာ ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

အသက်ရှင်တဲ့လေယဉ်မှူးက မပေါက်ကွဲခင်မှာ ယာဉ်ထဲကနေ ဘေးလွတ်အောင်ထွက်ပြီး လေထီးနဲ့ဆင်းနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပေါက်ကွဲ ပျက်စီးသွားတဲ့ SpaceShip Two ဒုံးပျံငယ်နဲ့ အာကာသထဲ စူးစမ်းချင်သူတွေကို ကမ္ဘာမြေရဲ့အထက် မိုင် ၆၀ လောက်အကွာ အာကာသထဲကို ခေါ်သွားပေးဖို့ Virgin Galactic ကစီစဉ်နေတာပါ။

Hollywood ကအကျော်အမော်တွေ အပါအဝင် လူပေါင်း ၅၀၀ ကျော်က အာကာသခရီးစဉ်အတွက်ကို စပေါ်ငွေပေးထားကြပြီးဖြစ်ပါတယ်။
အာကာသထဲခရီးသွားနိုင်ဖို့ စမ်းသပ်မှုတွေမှာ အခက်အခဲတွေ ထပ်တွေ့နိုင်ပေမယ့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ မျှော်လင့်တဲ့အကြောင်း Virgin Galactic က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Virgin Galactic ကိုတည်ထောင်သူ ဗြိတိန်ဘီလျံနာသူဌေးကြီး Richard Branson ကလည်း ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေနဲ့ အတူ စုံစမ်းသွားမယ်လို့ ပြောပါတယ်။ Mr. Branson ဟာ ဒီကနေ့မှာ သူ့ရဲ့ အာကာသခရီးစဉ်လေ့လာရေးအဖွဲ့နဲ့အတူ Mojave သဲကန္တရထဲက ဒုံးပျံယာဉ် ပျက်ကျခဲ့တဲ့ နေရာဆီသွားကြည့်မှာဖြစ်ပါတယ်။


အာကာသာ အပျော်လေ့လာရေးခရီးထွက်ဖို့ အစမ်းလေ့ကျင့်စဉ် ပျက်ကျသွားတဲ့ Virgin Galactic ဒုံးပျံယာဉ် အစိတ်အပိုင်းတွေ။ (အောက်တိုဘာ ၃၁၊ ၂၀၁၄) 

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ