Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ရွှေဈေး ကျပ် ၆၄၈၅ဝဝအထိကျဆင်း ရွှေထည်ပစ္စည်း ထုတ်ရောင်းသူဦးရေ များလာ

ရန်ကုန် နိုဝင်ဘာ ၁

ရက်ပိုင်းအတွင်း အတက် အကျတည်ငြိမ်မှု မရှိသည့်ပြည်တွင်း ရွှေဈေးနှုန်းများ အောက်တိုဘာ ၃၁ ရက်တွင်အခေါက်ရွှေဈေး တစ်ကျပ် သားလျှင် ကျပ် ၆၄၈၅ဝဝ ဖြင့် ဈေးနှုန်းများ အကျဘက်သို့ ဦး တည်လာခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။

အောက်တိုဘာ ပထမပတ်မှ စတင်၍ ပြည်တွင်းအခေါက်ရွှေ ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၇ဝဝဝဝ ကျော်ဖြင့် ဈေးနှုန်းများ တက်ရိပ်ပြနေရာမှ ဒုတိယပတ် တွင် ဈေးနှုန်းများတစ်ရိပ်ရိပ်ကျ ဆင်းလာခဲ့ပြီး အောက်တိုဘာ ၃ဝ ရက်ကအပိတ်ဈေးကျပ် ၆၆ဝဝဝဝ ကျော်ဖြစ်နေရာမှ ယနေ့အဖွင့်ဈေး တွင် ဈေးနှုန်းကျပ်တစ်သောင်း ကျော်အထိကျဆင်းခဲ့ခြင်းဖြစ်သည်။''ဒေါ်လာကို စောင့်ကြည့်နေရ တယ်။ ဒေါ်လာတက်ရင် ရွှေက ကျနေမှာပါ။ ကမ္ဘာ့ရွှေဈေးလဲကျ နေပြီ။ အခုဈေးတက်တယ်၊ ကျ တယ်လို့တော့ တပ်အပ်ပြောလို့မရ ဘူး။ ဒေါ်လာအခြေအနေကိုပဲ စောင့်ကြည့်မှရမယ်''ဟု ဝါရင့်ရွှေ ကုန်သည်ဦးရွှေကြည်ကပြောသည်။

ရွှေဈေးကွက်အတွင်း ရွှေထည် ပစ္စည်းများကို ထုတ်ရောင်းသည့် သူဦးရေများလျက်ရှိကြောင်း၊ ဈေးနှုန်းများအကျဘက်သို့ဦးတည် လာသည်ဆိုသော်လည်း ဝယ်ယူ စုဆောင်းသူများအနေဖြင့် အဝယ် နည်းပြီး ဈေးနှုန်းကျဆင်းမှုကို ထပ်မံစောင့်ကြည့်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

ကမ္ဘာ့ရွှေဈေးမှာလည်း တစ် အောင်စလျှင် ဒေါ်လာ ၁၂၄ဝ ဝန်း ကျင်မှ ၁၂ဝ၂ဒေါ်လာအထိကျဆင်း လာခဲ့ပြီး အမေရိကန်ဗဟိုဘဏ် အနေဖြင့် ဘဏ်များကိုချေးငွေ ထုတ်ပေးသည့်အခါ ၈ဝ ဘီလီယံ မှ တဖြည်းဖြည်းချေးငွေလျော့လာ သည့်အတွက် ကမ္ဘာ့ရွှေဈေး ဈေး နှုန်းကျလာခြင်းဖြစ်ကြောင်း ကမ္ဘာ့ ရွှေဈေးစောင့်ကြည့်လေ့လာသုံးသပ် သူများကဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်းများမှာ လတ်တလောတွင် အတက်မကြမ်း နိုင်သကဲ့သို့ယခုဈေးနှုန်းထက်လည်း ဆက်လက်ကျဆင်းရန်ဆိုသည်မှာ ခန့်မှန်း၍မရကြောင်း ဈေးကွက် အတွင်းမှ သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ