Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

“လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့စစ်ဆေးမှု” လူငယ် ၁ ဦးကို ကိုယ်လုံးတီးချွတ် စစ်ဆေး

လူငယ် ၁ ဦးကို အ၀တ်အစားတွေ ချွတ်ပြီး ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က စစ်ဆေးမှုနဲ့ ပတ်သက်လို့ စစ်ဆေးရေး ခုံရုံးဖွဲ့စည်း ဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူ သွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook လူမှုကွန်ယက် စာမျက်နှာတွေမှာ  ရွှေပြည်သာမြို့က လူငယ်တဦးကို “လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ စစ်ဆေးမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့အပေါ် အခုလို သတင်းထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့စစ်ဆေးမှု” ဟူသော ခေါင်းစဉ်နဲ့  ဇီးကုန်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့မှာ လူငယ်ချင်းရန်ဖြစ်တဲ့ အမှုကို လူ့ကျင့်ဝတ်နဲ့မလျှော်ညီဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး နယ်ထိန်း အောင်မြင့်စိုး၊ ရာအိမ်မှူး သန်းထိုက်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့်တို့က လူငယ်တဦးကို အ၀တ်အစားတွေ အတင်းချွတ်ခိုင်းပြီး စစ်ဆေးနေကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။

ဒီလူငယ်ဟာ ရန်ပွဲထဲတွင်လည်း မပါဝင်ဘဲ အခုလို လုပ်ရပ်မျိုး လုပ်ဆောင်နေသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ တောင်းဆိုကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားတာပါ။

ဒီဖြစ်စဉ်မှာ ရဲတပ်ကြပ်ကြီး အောင်မြင့်စိုးရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ