Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

ဟိုတယ်အခန်းခများ ဈေးနှုန်းနှစ်ဆ မြင့်တက်ခဲ့သည့် မြိုင်မြိုင်ဆိုင်ဆိုင် တောင်ကြီး တန်ဆောင်တိုင်

2 November 2014 13:08(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
တောင်ကြီး ၊ ၂-၁၁-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ နာမည် ကျော်ကြား လှသော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ နှင့် ဒေသတွင်း ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားသဖြင့် တည်းခိုဆောင်၊ အင်း၊ မိုတယ်၊ သာမန် ဟိုတယ် နှင့် အထင်ကရ ဟိုတယ်ကြီး များ၌ နေရာလွတ် မကျန် ခန်းလုံးပြည့် ငှားခဲ့ရသည့် အပြင် လွန်ခဲ့သည့် တစ်လ ခန့်မှစ၍ အခန်း အော်ဒါများ ပြည့်ခဲ့ပြီး အခန်းခ ဈေးနှုန်းများ မှာလည်း နှစ်ဆခန့် မြင့်တက် ခဲ့ကြောင်း သိရသည်။

သာမန် တည်းခိုဆောင် တစ်ယောက်ခန်း တစ်ခန်းလျှင် ငွေကျပ် ၂ဝဝဝ မှ ၆ဝဝဝ၊ ငွေကျပ် ၅ဝဝဝ တန် တစ်ယောက် အိပ်ခန်းကို ငွေကျပ် ၁၅ဝဝဝ နှင့် ငွေကျပ် ၁ဝဝဝဝ နှစ်ယောက် အိပ်ခန်းကို ငွေကျပ် ၃ဝဝဝဝ အထိ ဈေးမြင့်တက် ခဲ့ပြီး အခြားသော မြို့နယ်မှ ဧည့်သည် များက နေ့စဉ် လာရောက်၍ တည်းခိုရန် အခန်းလွတ်များ စုံစမ်းလျက် ရှိနေကြောင်း၊ တောင်ကြီးမြို့ ပေါ်ရှိ ဒေသခံအိမ် များတွင်လည်း နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများ လာရောက် တည်းခိုကြ သဖြင့် ပြည့်လျှံ နေကြောင်း သိရသည်။

တောင်ကြီးမြို့ ပေါ်တွင် ဟိုတယ်ကြီး ၂၅ လုံး၊ အခန်းပေါင်း ၆၉၂ ခန်းရှိရာ ယမန်နှစ် တစ်နှစ်လုံး တောင်ကြီးမြို့ သို့ ပြည်တွင်း ဧည့်သည် ဦးရေ ၇၇ဝဝ နှင့် ပြည်ပ ခရီးသွား ဧည့်သည် ဦးရေ ၁၁ဝဝဝ ကျော် လာရောက် တည်းခို ခဲ့ကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် အချို့မှာ တည်းခိုနေကျ ဖြစ်သည့် ညောင်ရွှေမြို့မှ နေ၍ ဆိုင်ကယ် ကယ်ရီသမား များငှားကာ တောင်ကြီး တန်ဆောင်တိုင် သို့ အသွားအပြန် တက်ရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီးသို့ လာရောက် ဆင်နွှဲသော ပြည်တွင်း ပြည်ပ ဧည့်သည် စုစုပေါင်းမှာ ဦးရေ ငါးသိန်းကျော်ခန့် ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ