Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

ရန်ကုန်စက်မှုဇုန်က အလုပ်မလုပ်သည့် မြေကွက်များ ပြန်သိမ်းမည်

2 November 2014 13:05(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်အသီးသီးက မြေဧက ၄၀၀၀ ကျော်မှာ မြေကွက်ယူထားပြီး အလုပ်မစရင် ပြန်သိမ်းမယ်လို့ တိုင်းစက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် ၂၉ ခုက စက်မှုမြေကွက်လွတ်ပေါင်း ၂၀၀၀ ကျော်နဲ့ အလုပ်မလုပ်တဲ့ ဂိုဒေါင်ပေါင်း ၁၂၀၀ ကျော် စုစုပေါင်း မြေဧက ၄၀၀၀ ကျော်မှာ ဒီဇင်ဘာ ၁ ရက်ကစပြီး ဘာလုပ်မယ်ဆို တာ တင်ပြရမယ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ လုပ်ငန်းစရမယ်၊ မလုပ်နိုင်ရင် မြေပြန်သိမ်း မယ်လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရလက်ထက် စက်မှုဇုန်တွေ စတင်တည်ထောင်ခဲ့ကတည်းက မြေကွက်တွေယူထားတဲ့ ပိုင်ရှင်တချို့ဟာ  ဘာအလုပ်မှ    မလုပ်ဘဲ မြေကွက်တွေကို အရောင်းအ၀ယ်လုပ်နေတာကြောင့် စက်မှုဇုန်မြေဈေးတွေ မြင့်တက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ ကိုယ်စားလှယ်တယောက်က မေးမြန်းခဲ့ဖူးပြီး တာဝန်ရှိတဲ့ ဒုဝန်ကြီးတယောက်က အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေ ပြန်သိမ်းဖို့ လုပ်နေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရန်ကုန်စက်မှုဇုန်လုပ်ငန်းရှင်တယောက်ကတော့ ဒီလို ကြေညာခဲ့တာ ၃ ကြိမ်ထက်မနည်း ရှိသွားပြီဖြစ်ပြီး တခါမှ ပြန်သိမ်းတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“အလုပ်မလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေ ပြန်သိမ်းမယ်လို့ အခုလို ကြေညာတာ ၃ ကြိမ်လောက်ရှိပြီ။ တကယ်တမ်းတော့ ဖြစ်မလာခဲ့ဘူးဗျ။ ဘယ်လိုကြောင့်လဲဆိုတော့ နောက်ဆုံးကျရင် အသနားခံစာတွေ ဇုန်ကော်မတီကို ရောက်လာတယ်ဗျာ။ ကျနော့်မှာတော့ ပင်စင်သွားကတည်းက ဒီမြေကွက်ပဲ ရှိတော့တာပါဆိုတဲ့ အသနားခံစာတွေ၊ တကယ်လုပ်မယ့်သူတွေက ယူထားတဲ့ မြေကွက်တွေမဟုတ်ဘဲ ဆိုင်ရာပိုင်ရာတွေက ယူထားတဲ့ မြေကွက်တွေလေဗျာ။ တကယ်လုပ်မယ့်လူလက်ထဲ ရှိနေတာ မဟုတ်ဘူး၊ ၀ယ်ပြီး ဈေးကစားတဲ့ သူလက်ထဲနဲ့ ဆိုင်ရာပိုင်ရာလက်ထဲက မြေကွက်တွေချည်း ဖြစ်နေတာလေ၊ ပြန်သိမ်းမယ်ပြောလာပြီး နောက်ဆုံးကျ တခါမှ ဖြစ်မလာဘူးဗျ။ တကယ်တမ်း ဖြစ်သင့်တာက သက္ကရာဇ် ၂၀၀၀ လောက်ကတည်းကဗျ။”

လက်ရှိ ရန်ကုန်စက်မှုဇုန်မြေဈေး ၁ ဧက ကျပ်သိန်း ၃၀၀၀ ကနေ ၅၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး အိမ်နီးချင်းထိုင်းမှာ အဆောက်အဦပါ ၁ ဧက ကျပ်သိန်း ၁၅၀၀ လောက်ပဲ ပေါက်ဈေးရှိတယ်လို့ သူက ပြောပါတယ်။

စက်မှုဇုန်မြေကွက်ယူထားပြီး ၃ လအတွင်း လုပ်ငန်းမစရင် သက်ဆိုင်ရာက မြေပြန်သိမ်းခွင့် ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ