Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါသည်

 ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာမှာ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တင်သွင်း စရာ မလို အပ်တော့ဘူးဆိုတဲ့ သဘောမျိုး အစိုးရသစ်ဆိုတဲ့ အသိုင်းအ၀ိုင်းထဲက တာဝန်ရှိသူတချို့ရဲ့အသံတွေ ထွက် လာ နေချိန်မှာပဲ ကျွန်တော်တို့တစ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ထပ်ခါတလဲလဲ ကြုံတွေ့ ခံစားနေကြ ရတာဘာကြောင့်ပါလဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ စာနယ်ဇင်းသမား၊ ဓာတ်ပုံ သတင်းထောက် ကိုပါကြီး ဖမ်းဆီးခံထားရတယ်လို့ သတင်း ကြားရကတည်းက စိုးရိမ်မကင်းဖြစ်နေခဲ့ ကြရတယ်။ သူဟာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု “ဒီကေဘီအေ” တို့ဖြစ် ပွားတဲ့ တိုက်ပွဲသတင်းကို သတင်းသွားယူ ဓာတ်ပုံ ရိုက်ပြီး ပြန်အလာမှာ မွန်ပြည်နယ် ထဲရောက်တော့ ရဲတပ်ဖွဲ့က ဖမ်းတာ ခံလိုက်ရတယ်။ ကျိုက်မရောမြို့ ရန်မျိုးအောင် ရပ်ကွက်မှာရှိတဲ့ စက်ဝ လမ်းအရောက်မှာ အဖမ်းခံခဲ့ရတာ ပဲ ဖြစ်ပါတယ်။ စာနယ်ဇင်း သမားကို ဖမ်းတဲ့ရဲက စစ်တပ်ကို ထပ်ပြီး ဘာလို့ လွှဲပြောင်းရတာလဲ။ ဒါကို ကျွန်တော် တို့ သိချင်ပါတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲ။ ဒါကိုလည်းသိချင်ပါ တယ်။ ဖမ်းတာက စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၄ နေ့။… အောက်တိုဘာလ ၄ ရက် ၂၀၁၄ ညနေ မှာ ကိုပါကြီး(ခ) ကို အောင်ကျော်နိုင် ပစ်ခတ်ခံရပြီး သေဆုံး သွားပြီလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်း ကြားလာတာက အောက်တိုဘာလ ၂၃ ရက် ၂၀၁၄ နေ့။ ဖမ်းတုန်းက ရဲနဲ့ စစ်တပ်က ဖမ်းတာ။ ၁ လကြာတော့မှ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သိကြရပြန်တယ်။ ဖမ်းဆီးထားတဲ့ စာနယ်ဇင်းသမား တစ်ယောက်ကို ပစ်ခတ်တာ ဘယ်သူတွေ က ပစ်ခတ်တာလဲ။ သူ့မှာ လုံခြုံမှု ဘာကြောင့် မရှိခဲ့ရတာလဲ။ ဒါကိုလည်း သိချင် ပါတယ်။ ကျိုးကြောင်းဆက်စပ်မှုတွေ အားလုံး ပီပီပြင်ပြင် သိခွင့်ရချင် ပါတယ်။ သိချင်ပါတယ်။ ကျွန်တော်တို့ဟာ စာနယ် ဇင်းသမားတွေပါ။ စာနယ်ဇင်းသမားတိုင်း ဟာ ဘယ် သတင်းမျိုးကိုမဆို သတင်းရယူ ခွင့်၊ တွေ့ဆုံခွင့်၊ မေးမြန်း ခွင့်၊ ရေးသားခွင့် အပြည့်အ၀ရှိရပါမယ်။ ဒါဟာ နိုင်ငံ တကာ စာနယ်ဇင်းသမားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ စာနယ်ဇင်းသမားဆိုတာ တိုက်ပွဲ သတင်းလည်း အသက်နဲ့ရင်းပြီး သွားယူ ကြရရိုးထုံးစံ နိုင်ငံတကာမှာ ရှိပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေက စပြီး ဒီနေ့အထိ ပြည်တွင်းပြည်ပစစ်ပွဲ သတင်းမှန်သမျှကို ပြည်သူလူထုက သိ ချင်နေကြတာပဲ။ ဘယ်စစ်ပွဲမျိုးမဆို ပြည် သူလူထုတိုင်းနဲ့ သက်ဆိုင်ခဲ့တာပါပဲ။

သတင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြည်သူလူထု တိုင်းသာမကဘဲ နိုင်ငံတကာ အစိုးရတိုင်းက သိပြီးသားပါ။ ပထမကမ္ဘာ စစ်ကြီးဖြစ်ဖို့ ဟိုတုန်းကတည်းက အစပျိုး နေခဲ့ကြတဲ့ ပြင်သစ်နဲ့ဂျာမနီ (၂)နိုင်ငံဟာ စီးပွားရေးရော စစ်ရေးမှာပါ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ဆိုင်နေ ခဲ့ရာက ဂျာမနီဟာ အာဖရိကတိုက်မှာ သူ့အတွက် အမြတ်ထွက်စရာနေရာကောင်းတွေရှိနေတာ သိလို့ဝင်ပြီး သိမ်းဖို့ကြံစည်နေတုန်း အာဖရိက ကို ပြင်သစ်နဲ့ အင်္ဂလိပ်တပ်တွေ ၀င်သိမ် လိုက်တော့ ပြဿနာဖြစ်လာတယ်။ ၁၉၁၄ ခုနှစ်မှာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ရုရှားက (၃) နိုင်ငံ မိတ်ဆွေဖွဲ့ စာချုပ်ချုပ်လိုက်ကြ တယ်။ ဂျာမနီ၊ အီတလီ၊ သြစတြီးယား ကလည်း မိတ်ဆွေဖွဲ့စာချုပ် ချုပ်လိုက်ကြတယ်။ (၂၈-၆-၁၉၁၄) နေ့မှာ သြစတြီးယားနိုင်ငံက အိမ်ရှေ့မင်းသားက ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့ကို ရောက် လာတုန်း၊ ဆာဘ့်လူမျိုး သေနတ်သမား တစ်ယောက်ရဲ့ လုပ်ကြံတာခံလိုက်ရတယ်။ ဆားဗီးယားမှာတာဝန်ရှိတယ်လို့ သြစတြီး ယားက စွပ်စွဲပြီး ပြဿ နာတက်ကြတယ်။

အဲဒီပြဿနာကစပြီးဖြစ်တဲ့ ပထမကမ္ဘာစစ်။ အဲဒီတုန်းကလည်း သူရိယ၊ မြန်မာ့ အလင်း သတင်းစာတွေက စာနယ်ဇင်း တာဝန်တွေ ကျေပွန်ခဲ့ကြတယ်။ ကမ္ဘာ့စစ် သတင်းတွေကို နိုင်ငံတကာ စစ် သတင်း ထောက်တွေ၊ ဓာတ်ပုံ သတင်းထောက်တွေရဲ့ သက်စွန့်ဆံဖျားသတင်းရ ယူချက်တွေ ကတစ်ဆင့် မြန်မာပြည်သူလူ ထုသိအောင် ဖော်ပြပေးနိုင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ် (၄)နှစ်တိတိဖြစ်တာ စစ်စရိတ် ဘယ် လောက်ကုန်ကျပြီး စစ်သား(၈)သန်းကျ ဆုံးသွားတာကအစ သိခွင့်ရခဲ့ကြတယ်။ ဂျာမနီစစ်တပ်တွေက ပိုလန် ကို ကျူးကျော် ၀င်တိုက်တာကစပြီး ဖြစ်ခဲ့ရတဲ့ ၁၉၃၉ ခုနှစ်က ဒုတိယကမ္ဘာစစ်ကြီးမှာလည်း ဒီအတိုင်းပါပဲ။ စစ်မြေပြင်သတင်းေ ထာက် တွေကြောင့် စာနယ်ဇင်းတွေက စစ်သတင်းတွေ မပြတ်မလပ်ထည့် ဖော်ပြပေး နိုင်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ဒဏ်ကိုအလူး အလဲခံစား ခဲ့ကြရသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းကစလို့ ဒီနေ့အထိ ပြည်တွင်းစစ်ရဲ့ဒဏ်ကိုလည်း လှိမ့်ခံနေကြရ တုန်းပါပဲ။

အခုဖြစ်နေတဲ့ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ စစ်သတင်းတွေကို ကျွန်တော်တို့ မြန်မာ ပြည်သူ လူထုသိဖို့ စာနယ်ဇင်းတွေက မျက်စိ ဖွင့်နားဖွင့်ပေးချင်ကြပေမယ့် သတင်းမှောင် ချချင်ကြတဲ့ တားဆီးပိတ်ဆို့မှု၊ ဖမ်းဆီးချုပ် နှောင်မှုတွေကြားထဲမှာပဲခုဆိုရင် စာနယ် ဇင်းသမား၊ ဓာတ်ပုံသတင်းထောက် ကိုပါကြီးဟာ ကျဆုံးသွားခဲ့ရပြီပဲ ဖြစ်တယ်။ ကိုပါကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ သားတစ်ယောက်ဖြစ် တဲ့အတွက် သူ့မှာ ဥပဒေရဲ့အကာအကွယ်ကို ဘာကြောင့် မရရှိခဲ့ရတာလဲ။ သူ့ရဲ့လူ့အခွင့်အရေးဟာ ဘယ်လို အကြောင်းတရားတွေေ ကြာင့် ဆုံးရှုံးနစ်နာခဲ့ရတာလဲ။ ကျွန်တော် မေးချင် တာက တကယ်လို့များ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေဟာ တစ်နယ်က တစ်နယ်၊ တစ်မြို့က တစ်မြို့ကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု နဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုနဲ့ပဲဖြစ်ဖြစ် ခရီးသွားနေရင်း လမ်းခရီးမှာ မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်တာ နဲ့ကြုံခဲ့ရရင် တိုက်ပွဲသတင်းလာယူတယ် ဆိုပြီးအခုလို အဖမ်းအဆီးခံရမှာလား။

ဖြေ ရှင်းပိုင်ခွင့်လုံးဝမရှိတော့ဘူးလား။ သံသယနဲ့ပဲ တစ်ဖက်သတ်အဆုံးအဖြတ်တစ်ခုခု ကို ကျွန်တော်တို့ဘက်က ခံလိုက်ကြရ တော့မှာလား။ မြန်မာ နိုင်ငံဟာ လူ့အခွင့် အရေးရရှိမှုကို လမ်းဖွင့်ပေးနေပြီ၊ လူ့ အခွင့်အရေးနဲ့ပတ်သက်လို့လည်း အပြည့် အ၀ လိုက်နာကျင့်သုံးနေပြီဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အစီရင်ခံစာမှာ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ တင်သွင်းစရာ မလိုအပ်တော့ဘူးဆိုတဲ့ သဘောမျိုး အစိုးရသစ်ဆိုတဲ့ အသိုင်း အ၀ိုင်းထဲ က တာဝန်ရှိသူတချို့ရဲ့ အသံတွေ ထွက်လာနေချိန်မှာပဲ ကျွန်တော် တို့တစ် တွေဟာ လူ့အခွင့် အရေးချိုး ဖောက်မှု တွေကို ထပ်ခါတလဲလဲ ကြုံတွေ့ခံစားနေကြရတာ ဘာကြောင့်ပါလဲ။ မမျှော်လင့်ဘဲ ထိ ခိုက်နစ်နာကျ ဆုံးသွား ခဲ့ရတဲ့ သတင်း ထောက်ကိုပါကြီး(ခေါ်) ကိုအောင်ကျော်နိုင် ရဲ့ ကျန်ရစ်သူမိသားစုရဲ့ ဆုံးရှုံးနစ်နာကြေ ကွဲမှု တွေကို လူသားချင်း စာနာကရုဏာ ထားတတ်ဖို့၊ ထားနိုင်ဖို့ ဘယ်သူတွေမှာ (လုံးဝ)တာဝန်ရှိ နေကြပါ သလဲ။ အခုဖြစ်စဉ် ဖြစ်ရပ်နဲ့ပတ်သက်လို့ အခုလို ပွင့်လင်းမြင် သာမှုမရှိဘဲ အမြဲတစေ နေရာဒေသအနှံ့ မှာ ဆက်တိုက် ဆိုသလို ကြုံတွေ့ခံစားနေ ကြရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးအပေါ်မှာ စာရေးဆရာတစ် ယောက်၊ စာနယ်ဇင်းသမား တစ်ယောက် အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ကြောင်း ပါခင်ဗျား။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ