Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

လိပ်ကျွန်းလူသတ်မှု ပြန်စစ်ရန် ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာနသို့ တောင်းဆို

3 November 2014 18:26(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးအဖွဲ့ဖွဲ့စည်းပြီး ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ထိုင်းတရားရေးဝန်ကြီးဌာနက လက်ခံတယ်လို့ မြန်မာသံရုံးအထူးကိုယ်စားလှယ်တွေက ပြောပါတယ်။

ထိုင်းရဲတွေက လူသတ်မှုကို စစ်တုန်းက မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ရိုက်နှက်စစ်တာ ပေါ်လွင်တဲ့အတွက် ပြန်စစ်ပေးဖို့ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ခံ အထူးမှုခင်း စုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ဒီညနေ သွားတောင်းဆိုကြတာပါ။ ဒီတောင်းဆိုချက်ကို တဖက်က လက်ခံရယူတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကလေး ၂ ယောက်ကို သွားတွေ့ခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကရော၊ မိဘတွေရော၊ ရှေ့နေနဲ့ ကျနော်တို့ သံရုံးအဖွဲ့ကပါ ကလေးတွေဟာ နှိပ်စက်စစ်မေးခံရတယ်ဆိုတာ ပြောကြတဲ့အတွက် ဒီကိစ္စပေါ်လွင်နေလို့ ဒီအမှုကို အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ ပြန်လည်စစ်ဆေးပေးပါရန် ဆိုပြီးတော့ ကျနော်တို့ လျှောက်ထားခဲ့ပါတယ်။ ရုံးက တာဝန်ရှိသူတယောက် လာရောက်လက်ခံသွားပြီး လက်ခံရရှိကြောင်း မိတ္တူကိုပါ ပေးခဲ့ပါတယ်။”

ဒီ ဆောင်ရွက်ချက်ဟာ ထိုင်းရဲတပ်ဖွဲ့က အမှုကို တရားရုံးကို စွဲတင်ဖို့ ပြင်ဆင်နေချိန်မှာ စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးဘက်က ဥပဒေဘောင်တွင်းက ကြိုးပမ်းမှုဖြစ်ပါတယ်။

ဒီမတိုင်ခင် မွန်းလွဲ ၁ နာရီခွဲကနေ ၃ နာရီခွဲထိ ထိုင်းမြန်မာသံရုံး အထူးအဖွဲ့၊ ထိုင်း ရှေ့နေများ ကောင်စီအဖွဲ့နဲ့ ဖမ်းဆီးခံလူငယ်နှစ်ဦးရဲ့ မိဘတွေဟာ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားခံ ၂ ဦးကို ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ လာရောက် ဖြေရှင်းပေးဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ဖိတ်ခေါ်ထားပေမယ့် ထိုင်းရဲတပ်ဖွဲ့က ရောက်မလာခဲ့ဘူးလို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ သံရုံးအထူးအဖွဲ့ဝင် ဦးကျော်သောင်းက ဆက်ပြောပါတယ်။

သူက “ကျနော်တို့ အထူးစုံစမ်းထားတဲ့ အချက်အလက်တွေရယ် နောက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေတွေကိုလည်း မေးတယ်။ ကျနော်တို့လူတွေကိုလည်း သူတို့က မေးတယ်။ စုံစမ်း ထားတာ ဘာတွေ ထပ်ရသလဲ။ မိဘတွေက သူတို့သားတွေနဲ့ သွားတွေ့တော့ ဘာတွေကြားရသလဲ။ နောက်ပြီးတော့ ဒီအဲန်အေကို တွန်းလှန်နိုင်တဲ့ အမှု မမြောက်နိုင်တဲ့ ခိုင်လုံတဲ့ အလီဘိုင်တွေ ဘယ်လောက်ရထားပြီလဲ။ ဒီအမှုဟာ အမှန်ပါဘူးဆိုတဲ့ အထောက်အထား ဘာတွေရှိသလဲ စသဖြင့် မေးမြန်းဖလှယ်ကြတာပေါ့ဗျာ။”

တွေ့ဆုံဆွေးနွေးမှုအပြီး အဲဒီ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာပဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ထိုင်းရဲတပ်ဖွဲ့ကို လာရောက်ဖြေရှင်းပေးဖို့ တရားဝင် ဖိတ်ကြားထားတာ ဒါနဲ့ပါဆိုရင် ၂ ကြိမ်ရှိသွားပြီဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ဘက်က ၂ ကြိမ်စလုံး ပျက်ကွက်နေတာ ဖြစ်ပါတယ်။

ပထမချိန်းဆိုရက်ဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းကတော့ ရဲတပ်ဖွဲ့က အမှုတွဲကို အစိုးရရှေ့နေကောင်စီလက်ထဲ အပ်လိုက်ပြီဖြစ်တဲ့အတွက် သူတို့ဆီက ခွင့်ပြုချက်မရသေးလို့ မလာနိုင်သေးကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ထိုင်းရှေ့နေများကောင်စီဘက်ကလည်း ဒီအမှုတွဲဟာ သက်သေအထောက်အထား လိုအပ်ချက် တွေ ရှိနေသေးတဲ့အတွက် တရားရုံးကို မတင်နိုင်သေးကြောင်း နောက်ထပ် သက်သေပြန်ဖြည့် ပေးဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးဖြောင့်ချက်ရယူပြီး ကော်ဆမွီခရိုင်တရားရုံး အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးက မိဘတွေ၊ ထိုင်းရှေ့နေများကောင်စီ၊ သံရုံးအထူးအဖွဲ့တွေ့နဲ့ တွေ့ဆုံစဉ်တွေမှာ ကျူးလွန်တယ်လို့ ၀န်မခံရင် အသက်သေဆုံးမယ်လို့ ရဲနဲ့ ဘာသာပြန်က ခြိမ်းခြောက်တဲ့အတွက် တကယ် မကျူးလွန်ဘဲ ကြောက်လို့ ၀န်ခံဖြောင့်ချက်ပေးခဲ့ရတာလို့ ပြောဆိုပြီး ရဲထံ ပေးထားတဲ့ ဖြောင့်ချက်ကို တရားဝင် ရုပ်သိမ်းခဲ့ကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ