အမေရိကန်စစ်ဘက်က အီဘိုလာရောဂါပိုး တိုက်ဖျက်ရာတွင် မိနစ်ပိုင်းအတွင်း ခရမ်းလွန် ရောင်ခြည်ဖြင့် ရောဂါပိုး သတ်နိုင်သော လေးဘီးတပ် စက်ရုပ်တစ်မျိုးကို ထည့်သွင်း အသုံးပြုသွားရန် စီစဉ်လျက်ရှိသည်။
စတားဝါးစ်ရုပ်ရှင်ကားထဲမှ R2D2 စက်ရုပ်များသည် အမေရိကန် စစ်ဘက်ဆိုင်ရာ ဆေးဌာနသုံးခုနှင့် အမေရိ ကန်ဆေးရုံ ၂၅ဝ တွင် ရောဂါဖြစ်ပွားစေသော ပစ္စည်းများကို အမြစ်ပြတ် ချေမှုန်းဖျက်ဆီးရာတွင် အသုံးပြုထားပုံကို ရိုက်ကူးထားသည်။
''အခုကျွန်တော်တို့ရဲ့ အီဘိုလာရောဂါတိုက်ဖျက်ရေး မဟာဗျူဟာမှာ အဲဒီလိုစက်ရုပ်တွေရဲ့ အခန်းကဏ္ဍပါဝင်လာပါပြီ။ ဒါပေမယ့် ကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ ဆက်နွှယ်နေတဲ့ ဆေးရုံတွေမှာပဲ အသုံးပြုသွားမှာပါ'' ဟု လန်ဂျလီ လေတပ်အခြေစိုက်စခန်း ပြောရေးဆိုခွင့်ရှိသူ အယ်လ်တန် ဒွန်ဟမ်က ပြောကြားသည်။
ရောဂါပိုးသတ်နိုင်စွမ်းရှိသော စက်ရုပ်များသည် အနောက်အာဖရိကတွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ တိုက်ဖျက်ရေးတွင် မည်မျှအရေးပါသည့် အလိုအလျောက်စက်ကိရိယာများဖြစ်သည်ကို နမူနာပြရုံသာဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
ယခုလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ၊ သိပ္ပံပညာရှင်များနှင့် အကူအညီပေးရေးလုပ်သားများ ပူးပေါင်းပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ရောဂါပိုးကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများ၊ အညစ်အကြေးများကို ဖယ်ရှားပေးရာတွင် စက်ရုပ်များက အသုံးဝင်မည်ဟု ကောက်ချက်ချခဲ့ကြပြီး ကျန်းမာရေးလုပ်သားများအတွက် အထောက်အကူရရှိစေမည်ဟုဆိုသည်။ (အေပီ)
No comments:
Post a Comment