Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

အမေရိကန် ပြန်ကြားရေးဌာနသစ် ၂၀၁၆ မှာ ဖွင့်မည်

24 November 2014 12:57(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ OBO ခေါ် ပြည်ပအဆောက်အအုံ များ ဆောင်ရွက်ရေးဌာနက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ American Center ခေါ် အမေရိကန် ပြန်ကြားရေးဌာန အဆောက်အဦးသစ် တည်ဆောက်ရေး အတွက် ဗာဂျီးနီးယားပြည်နယ်၊ စပရင်းဖီးလ်မြို့အခြေစိုက် Enviro-Management & Research ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနအနေနဲ့ နှစ်နိုင်ငံကြား ပြည်သူချင်းဆက်သွယ်ရေး တည်ဆောက်မှု၊ အမေရိကန်ပြည်သူတွေထားရှိတဲ့ တန်ဖိုးများမြှင့်တင်မှုလုပ်ငန်းတွေ ကို နှစ်ပေါင်းများစွာဆောင်ရွက်လာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေအတွင်းဌာနအနေနဲ့ စာကြည့်တိုက်နဲ့ သင်တန်းတွေကတဆင့် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ဒီမိုကရေစီ အခြေခံတရားတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ ပတ်သက်ပြီး လေ့လာနိုင်ခွင့်တွေ ပံ့ပိုးပေးခဲ့တဲ့အပြင်၊ ဒီမိုကရေစီရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ အတွက်လည်း ပညာပေးသင်တန်းတွေ စီစဉ်ပေးခဲ့ကြောင်း၊ ဒါ့ပြင် အင်္ဂလိပ်စာသင်တန်း အမျိုးမျိုးဖွင့်လှစ်ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး၊ လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုတွေအကြောင်း သိရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

အခုတည်ဆောက်ဖွင့်လှစ်မယ့် အမေရိကန်ပြန်ကြားရေးဌာနသစ်ဟာလည်း အဲဒီ့လုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ပါဝင်နေကြသူတွေကို ခေတ်မီ နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းရေးတွေအပါအ၀င် မြန်မာ့အသွင်ကူးပြောင်းရေးအတွက် အဓိကအရေးကြီးတဲ့ အစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

အမေရိကန်ပြန်ကြားရေးဌာနသစ်ကို ၂ဝ၁၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးမယ် လို့ မျှော်မှန်းထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ