Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 25, 2014

ဒဏ်ခတ်မှုနဲ့ ရေနံဈေးကျမှု ဘီလျံ ၁၄၀ ရုရှား ဆုံးရှုံး

25 November 2014 09:37(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ရုရှား နိုင်ငံ အပေါ် အနောက် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် ရုရှား အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၄၀ လောက် ဆုံးရှုံး နေရချိန်မှာပဲ ရုရှားရဲ့ အဓိက ထုတ်ကုန် ဖြစ်တဲ့ ရေနံ ဈေးတွေ ထိုးကျ သွားတာကြောင့် တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၁၀ဝ အထိ ဆုံးရှုံး နစ်နာဖို့ ရှိနေတယ်လို့ ရုရှား ဘဏ္ဍဍာရေး ဝန်ကြီးက ပြောပါတယ်။

မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေး ညီလာခံ တစ်ခုမှာ မိန့်ခွန်း ပြောစဉ် ရုရှား ဘဏ္ဍဍာရေး ဝန်ကြီး Anton Siluanov က ဆုံးရှုံးမှု ပမာဏကို အခုလို ထုတ်ဖော် ပြောသွားတာ ဖြစ်ပါတယ်။

ရုရှား စီးပွားရေးနဲ့ ပတ်သက်လို့ သိပ်စိတ်မပူဖို့ ရုရှား နိုင်ငံရေး သမားတွေက ပြောနေကြပေမယ့် အခုအခါမှာတော့ ရေနံဈေး ထိုးကျ သွားမှုကြောင့်ရော၊ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကြောင့်ပါ တကယ်တမ်း ထိခိုက် နစ်နာနေရမှုကို ဘဏ္ဍဍာရေး ဝန်ကြီးက ထုတ်ဖော် ပြောလိုက်တာ ဖြစ်တယ်လို့ မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တနဂင်္နွေ နေ့ကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဒဏ်ခတ် ပိတ်ဆို့ ခံရမှု၊ ရုရှားသုံး ရူဘယ်ငွေ တန်ဖိုး ကျဆင်းမှုနဲ့ ရေနံဈေး ကျဆင်းမှုတွေရဲ့ အကျိုးဆက် တွေကို ရုရှား တစ်နိုင်ငံတည်းသာ ခံစားရမှာ မဟုတ်ကြောင်း ရုရှား သတင်းဌာနကို ပြောခဲ့ပါသေးတယ်။

ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခ တွေမှာ ရုရှားရဲ့ ပါဝင် ပတ်သက်မှုကြောင့် အီးယူ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့က ရုရှား အပေါ် ဒဏ်ခတ် ပိတ်ဆို့ ခဲ့ကြတာ ဖြစ်ပါတယ်။


စီးပွားရေး ပိတ်ဆို့ ခံရမှုကြောင့် ရုရှားငွေ ရူဘယ် တန်ဖိုး စံချိန်တင် ကျဆင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ