Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်

23 November 2014 19:52(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင် ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံ ရရှိရေး အတွက် ဘန်ကောက် မြန်မာသံရုံးက ငွေကြေး စိုက်ထုတ် လုပ်ဆောင်ပေး သွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စလည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော် အစိုးရ အစီအစဉ်နဲ့ အာမခံ တင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာ အရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေးကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”

လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ကိစ္စတွေကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာလူငယ်  ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ