Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

ရက်ပေါင်း ၄၀ ပင်လယ်ထဲ မျောနေသည့် မြန်မာတံငါသည် ၃ ဦး နေရပ်ပြန်နိုင်ပြီ

24 November 2014 12:53(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
ပင်လယ်ထဲမှာ ၀ါးဖောင်ငယ်လေးနဲ့ ရက်ပေါင်း ၄၀ ကြာ အသက်ရှင်သန် နေခဲ့တဲ့ မြန်မာ ရေလုပ်သမား ၃ ဦး မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ နေရပ်ကို ပြန်နိုင်ပြီ ဖြစ်တယ်လို့  အိန္ဒိယနိုင်ငံထုတ်  သည်ဟိန္ဒူ သတင်း မှာ ဖော်ပြပါတယ်။

အသက် ၃၀ ကျော်အရွယ် မြန်မာရေလုပ်သား ကိုထွန်းနိုင်ဦး၊ ကိုညီညီနဲ့ ကိုဇော်နိုင်ဦးတို့ဟာ ရန်ကုန်ပြန်ဖို့အတွက်  နိုဝင်ဘာ ၂၃ ရက်နေ့က ချနိုင်းမြို့ကနေ ကိုးလ်က္ကတား(ကာလက္ကတား)ကို ရထားနဲ့ ထွက်ခွာသွားဖို့ရှိတယ်လို့ဆိုပါတယ်။

မြန်မာရေလုပ်သားတွေဟာ ၂၀၁၃ အောက်တိုဘာလကတည်းက ပင်လယ်ပြင်မှာ ငါးဖမ်းထွက်စဉ် မုန်တိုင်းမိပြီး ပင်လယ်ထဲ မျောပါသွားခဲ့ကြတာပါ။

ဘင်္ဂလားပင်လယ်အော်မှာ လှေနဲ့ ကျောက်ချငါးဖမ်းနေတုန်း ရုတ်တရက် လေပြင်းမုန်တိုင်းတွေ တိုက်၊ လှိုင်းကြီးတွေ ရိုက်ခတ်တာကြောင့်  ကျောက်ဆူး ပြတ်ကာ ပင်လယ်ထဲ မျောပါသွားတာ ဖြစ်ပြီး ရက် ၄၀ ကျော်မှာ  ဗုဒ္ဓဘုရားမလို့ တမီလ်းနာဒူး ပြည်နယ်က ငါးဖမ်းလှေက တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့တာလို့  ကိုညီညီက သတင်းမှာ ပြောပါတယ်။

မြန်မာငါးဖမ်းသမား ၃ ဦးဟာ  ပင်လယ်ထဲ စတင်မျောပါချိန်မှာ ထမင်း၊ ငါးခြောက်နဲ့ ရေအနည်းငယ် ၂ ရက်စာလောက်နဲ့   လှိုင်းကြီးလေကြီးထဲမှာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီး  မိုးရေကိုသောက်၊ ငါးတွေ ဖမ်းစားပြီး အသက်ရှင်သန်အောင် ကြိုးစားခဲ့ရတယ်လို့ ကိုထွန်းနိုင်ဦး ကလည်း ပြောပါတယ်။

မြန်မာ ၃ ဦးဟာ အသက်ဘေးက လွတ်မြောက်လာခဲ့ပေမယ့် အိန္ဒိယရေပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့  ၁ နှစ်နီးပါး ထောင်ချခံခဲ့ရတာ ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့ကမှ နေရပ် ပြန်ပို့ဖို့ အမိန့်ကျလာတာ ဖြစ်ပါတယ်။

ဒါပြင် အိမ်ပြန်ဖို့  တရားဝင်အထောက်အထားတွေ ရရှိရေး စောင့်ဆိုင်းနေရလို့ အချိန်ကြာနေတာကို   ချနိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက  ရက်ကျော်နေထိုင်မှုနဲ့ မြန်မာတဦး  စီကို အိန္ဒိယ ရူးပီ ၁၁,၇၀၀ ဒဏ်ငွေ ရိုက်ခဲ့တယ်လို့လည်း သတင်းမှာ ရေးသားဖော်ပြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ