Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 24, 2014

ဗန်ကောက်-မယ်ကောင်လမ်း၌ မြန်မာနှစ်ဦး ယာဉ်တိုက်ခံရ၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

24 November 2014 04:09(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ဗန်ကောက် နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံအတွင်းရှိ စမွတ် စာခွန်ခရိုင် စမွတ်ဆုံခါ (မယ်ခေါင်)မြို့ရှိ ဗန်ကောက်- မယ်ကောင်လမ်းမ ကြီး၌ နိုဝင်ဘာ ၁၄ ရက်ညနေ ပိုင်းက ဆိုင်ကယ်မောင်းနှင်သော မြန်မာအလုပ်သမနှစ်ဦး ယာဉ်တိုက် ခံရသဖြင့် တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက ဆက်သွယ်ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံအတွင်းရှိ စမွတ်စာခွန်ခရိုင် စမွတ်ဆုံခါ (မယ်ခေါင်)မြို့နေ မြန်မာအလုပ် သမများဖြစ်ကြသော မညိုနှင့် မလဲ့လဲ့ဝင်းတို့သည် နိုဝင်ဘာ ၁၄ ရက်ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီက အလုပ်မှနေအိမ် သို့ ဆိုင်ကယ်မောင်းနှင်ကာ ပြန်လာ ကြစဉ် ဗန်ကောက်-မယ်ကောင် လမ်းမကြီးအရောက် လမ်းသွယ် တစ်ခုသို့ ချိုးကွေ့ရာ တစ်ဖက် ယာဉ်ကြောမှ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦး မောင်းနှင်လာ သောယာဉ်က အဆိုပါ မြန်မာ အလုပ်သမနှစ်ဦး မောင်းနှင်လာ သော ဆိုင်ကယ်ကိုဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူမညိုသည် အခင်းဖြစ် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ ပြီး အတူပါသူ မလဲ့လဲ့ဝင်းတွင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မယ်ကောင်ဆေးရုံကြီး၌ အတွင်း လူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသ ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးက ''အခု ယာဉ်တိုက်မှုဖြစ်စဉ်က သေဆုံးသူအတွက်ရော လတ်တ လော ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရသူ နှစ်ဦးစလုံး အတွက် နစ်နာကြေးတွေကို ဝင် တိုက်တဲ့ ယာဉ်မောင်းကလည်းမကြည့်ဘူး။ နောက်ပြီး ဒီအလုပ်သမ နှစ်ဦးစလုံးရဲ့ ဆွေမျိုးတွေကလည်း မရှိကြဘူးလေ၊ အခင်းဖြစ်ရက်က ဆုံးသွားတဲ့ ကောင်မလေးမှာဆို သားသမီးနှစ်ဦး ကျန်ခဲ့ပါတယ်။ လက်ရှိဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေတဲ့ မလဲ့လဲ့ဝင်းလည်း ပြင်းပြင်းထန်ထန်ထိသွားလို့ အသက် ရှူတာတောင် စက်အကူအညီနဲ့ ရှူနေရပါတယ်။ အခုသူ့ရဲ့ဆေးကုသ စရိတ်ဟာ ဘတ်ငွေခုနစ်သောင်း ကုန်ကျနေပြီလို့ပြောတယ်။

''သူဆက်ပြောတာက ဒီနေ့အထိ လူနာဆေးကုသစရိတ် လာရောက် ပေးသွင်းတဲ့သူလည်း မရှိသေးဘူး ပေါ့။ အဲဒီတော့ လူနာက ပိုင်ရှင်မဲ့ လူနာလိုဖြစ်နေတယ်ပေါ့ဗျာ၊ ဆေး ကုသစရိတ်မသွင်းတော့ ဆေးရုံက လည်း ခြေထောက်အရိုးကျိုးသွား တဲ့အတွက် စတီးလ်အရိုးထည့်ပေး ရမယ့်အရေးတောင် မထည့်ပေး သေးဘဲ အချိန်ဆွဲနေတဲ့အတွက် အဲဒီဆေးရုံက တာဝန်ရှိလူကြီး နဲ့တွေ့ဆုံပြီး ကျွန်တော်တို့လူနာကို သက်သာပျောက်ကင်းတဲ့ အနေ အထားအထိ ကုသဖို့အတွက် မေတ္တာရပ်ခံပါတယ်။ တကယ်လို့ လူနာအတွက် လိုအပ်မယ်ဆိုရင် လည်း မြန်မာသံရုံးမှာပါ အကူအညီ တောင်းခံပေးပါ့မယ်လို့ သက်ဆိုင် ရာ ဆရာဝန်တွေကိုပြောခဲ့ရပါတယ်'' ဟု ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ယာဉ်မောင်း ထိုင်းနိုင်ငံသူ အမျိုးသမီးကို အခင်းဖြစ်နေရာတွင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး မျက်မြင်သက်သေ မရှိသောကြောင့် လက်ရှိအာမခံရထားကြောင်း သိရ သည်။

သေဆုံးသူ မြန်မာအလုပ် သမနှင့် လက်ရှိဆေးရုံ၌အတွင်း လူနာအဖြစ် ဆေးကုသခံနေရသော မြန်မာအလုပ်သမတို့သည် မြန်မာ နိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ ကြံခင်းရပ်ကွက်ရှိ ကရင်စာပေ အစည်းအရုံးအနီး၌ နေထိုင်ကြသူ များ ဖြစ်သည်ဟုသိရပြီး အဆိုပါ မြန်မာအလုပ်သမ နှစ်ဦးအတွက် ရသင့်ရထိုက်သောနစ်နာမှု လျော် ကြေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ